chapter 11

9.1K 744 8
                                    



Zawgyi


kook အံ့သြမင်သက်စွာနဲ့မျက်လုံးလေးကလယ်ကလယ်ဖြစ်ပြီး young jae ကိုကြည့်နေသည်။ပြီးနောက်စကားဆိုရန်နှုတ်ခမ်းဟလိုက်ပါသည်။

''ဟိုလေ young jae hyung ''

kook စကားမဆုံးခင် young jae ကဖြတ်ပြောသည်။

''kookie ပြောမဲ့စကားကိုကိုယ်နားလည်တယ် ဒါပေမဲ့ကိုယ်မကြားချင်ဘူး ကိုယ်ကရှေ့ဆက်တိုးမှာဘဲ kookie... အရင်က kookie ကိုချစ်မိနေတယ်လို့ခံစားရတယ် အခုကသေချာသွားလို့ဖွင့်ပြောတာ မင်းကိုကိုယ်ချစ်တယ် ပိုင်ဆိုင်ချင်တယ်''

young jae ပြောပြီးသည်နှင့် ကားကိုဆက်နှိုးပြီးကျောင်းသို့ပြန်ကွေ့သွားသည်။kook ကတော့ ပါစပ်အဟောင်းသားနှင့်ကျန်ခဲ့လေသည်။ ချစ်တယ်....ထိုစကားကို tae tae hyung ဆီကကြားချင်တာလေ ...ဘယ်လိုလုပ် young jae hyung ကပြောရတာလဲ....ချစ်နေတာသေချာလို့ဖွင့်ပြောတာတဲ့...ဟားစိတ်ညစ်တယ် ။ခင်ဗျားကြီးကြောင့် kim tae hyung ဒီလိုဖြစ်ရတာ ခင်ဗျားကြောင့် ခင်ဗျားဆီကတိကျတဲ့အဖြေကြားရမှဖြစ်မယ်။

jung kook သူ့အိမ်ထဲမဝင်ဘဲ tae hyung အိမ်ဘက်ကူးလာခဲ့သည်။ဧည့်ခန်းမှာထိုင်နေတဲ့ Jason က kookကိုလှမ်းနှုတ်ဆက်သည်။

''kook လေး သားကျောင်းသွားတာမဟုတ်ဘူးလား...ဘယ်လိုအိမ်ပြန်လာတာလဲ...tae hyung ရော...ဘယ်မှာလဲ''

kook အဖြေရကြပ်သွားသောကြောင့်ခေါင်းကိုကုတ်လိုက်မိသည်။

''ဟိုလေ...အော် ဒီနေ့ကျောင်းစဖွင့်ရက်မို့စာမသင်သေးဘူး ပျင်တာနဲ့အိမ်ပြန်လာတာ...hyung က chim chim ကိုသွားလိုက်ပို့တယ်...သားသူ့အခန်းမှာဘဲစောင့်နေလိုက်တော့မယ်နော်...''

''အေးအေး''

kook အပေါ်ထပ်ရှိ tae အခန်းသို့ဝင်လာခဲ့သည်။စိတ်ညစ်ညစ်နှင့်ကုတင်ပေါ်ပစ်လှဲချပြီးလူးလှိမ့်နေတော့သည်။

''ဟား...စိတ်ညစ်တယ် ဘာတွေလည်းမသိဘူး တကယ်ဘဲ''

''ငါ့ကုတင်ပေါ်အဲ့ဒါဘာတက်လုပ်နေတာလဲ ...အိပ်ယာခင်းတွေတွန့်ကုန်ပြီး''

kook တစ်ယောက် tae အော်သံကြောင့်အလန့်တကြားထထိုင်လိုက်သည်။tae ကတံခါးကိုပိတ်ကာ စာကြည့်စာပွဲပေါ်လွယ်အိပ်ချလိုက်ပြီး ထိုင်ခုံပေါ်ထိုင်လိုက်သည်။kook ဘက်ကိုမလှည့် ...။kook ကပင်အရင်စကားဆိုလိုက်သည်။

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now