Chapter 8

9.6K 768 11
                                    

Zawgyi


tae က min soo ဆီသို့ ဒေါသအပြည့်ဖြင့်ခြေလှမ်းစလိုက်သည်။tae ရဲ့လက်ကို jimin ကလှမ်းဆွဲလိုက်သည်။

''tae တော်ပါတော့''

tae က jimin လက်ကိုလွှတ်ချလိုက်ပြီး ရှေ့ဆက်တိုးလိုက်သည်။min soo ကတော့နောက်တစ်လှမ်းဆုတ်သွားသည်။ jimin  tae ကိုမဆွဲတော့ဘဲ အသံမာမာဖြင့်အော်လိုက်လေသည်။

''tae hyung       နင်ဒီလိုဘဲ kookie ကိုပစ်ထားမို့လား ဆေးရုံသွားကြမယ်လေ''

kookie #ဆေးရုံသွားကြမယ်လေ# ထိုစကားသံသည် tae ရဲ့နားထဲကိုပဲ့တင်ထပ်လာသည်။ tae အသိစိတ်ပြန်ဝင်လာကာ ဒေါသကိုလျော့ပြီးအနောက်ကိုလှည့်ကြည့်လေသည်။kook ကို jimin ကဆွဲပွေ့ထားပြီးသွေးတွေက အဆက်မပြတ်စီးကျနေသည်။ tae kook ဆီပြန်လှည့်လာပြီး မျက်လုံးတွေကလဲစိုးရိမ်မှုကြောင့်အရောင်တောက်ကာနီရဲနေသည်။jimin ဆီမှ kookကို ဆွဲပွေ့ကာရင်ခွင်ထဲသွင်းလိုကသည်။

''ကလေး hyung ကိုခွင့်လွှတ်ပါကွာ''

''tae ငါတို့ဆေးရုံသွားရအောင်လေနော်''

jimin ပြောမှ tae အသိစိတ်ပြန်ဝင်လာပြီး ခေါင်းပြိမ့်ပြသည်။ပြီးနောက် kook ကိုပွေ့ချီကာ ကားရှေ့ခန်းကိုသွာလိုက်သည်။kook ကတော့ tae ရင်ခွင်ထဲမှာခွေခွေလေးသတိမေ့နေသည်။tae တစ်ကိုယ်လုံးလဲသွေးတွေနှင့်နီရဲနေသည်။ tae kook မျက်နှာလေးကိုကြည့်ပြီးကလေးလိုတရှုပ်ရှုပ်ငိုနေသည်။

''ကလေးဘားမှမဖြစ်ရဘူးနော် ကလေးဘားမှမဖြစ်ဘူး''

tae ရဲ့နှလုံးသားသည်စိုးရိမ်စိတ်နှင့်ပြည့်နှက်နေသည်။kookie တစ်ခုခုဖြစ်ရင် tae hyung ကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မည်မဟုတ်ပါ။ယူကျုံးမရဖြစ်မိသည်။

------------------------------------------------------------------

အချစ်     ထိုအချစ်သည် အချစ်သီးသန့်တစ်ခုတည်းဖြစ်တည်နေတာမဟုတ်ပါ။အလွမ်း   အဆွေး  သတိရခြင်း အမုန်း နာကျင်မှုအားလုံးရောပြွတ်နေသည်။

kook မျက်လုံးကိုတဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ပထမဆုံးမြင်လိုက်ရသည် က tae စိုးရိမ်မှုတွေနှင့်မျက်ဝန်းမှမျက်ရည်တွေစီးကျနေပြီး kook ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။
tae ရဲ့ဘေးတွင် omma သည်လည်း kook ကိုပြုံး၍ ကြည့်နေသည်။kook ရဲ့ဘယ်ဘက်ခြမ်းတွင် namjoon jason နှင့် young jae တို့ သည်လည်း kook ကိုစိုးရိမ်နေကြသည်။ tae ကပထမဆုံးစကားဆိုသည်။

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now