Chapter 9

9.1K 760 12
                                    

Zawgyi

အချုပ်ခန်းသံတိုင်တွေကြားမျက်နှာငယ်လေးတွေနှင့် kook နှင့် tae တို့ရောက်နေကြသည်။kook ဘေးဘီဝဲယာကိုလှည့်ကြည့်မိသည်။အရက်သမားတွေလား 109 110 တွေလားတော့ မသိပုံစံတွေကကုတ်ချောင်းချောင်းနှင့် 3 ယောက်လောက်ရှိမည်။kook ကြောင်ကြည့်နေသည်ကိုထိုသူ 3 ယောက်ကလည်းမိုက်ကြည့်ပြန်ကြည့်ကြသည်။kook ကသံတိုင်တွေဘက်မှာ tae ကအုတ်နံရံနှစ်ခုဆုံရာထောင့်မှာနေနေသည်။ထိုသူတွေအကြည့်ကြောင့် kook ကြောက်ကာတုန်ယင်နေသည်။သံတိုင်ကိုလက်ဖြင့်ဆုပ်ကိုင်ထားပြီးကြောက်ရွံ့မှုကြောင့်နှုတ်ခမ်းလေးများပင်တုန်ယင်လာသည်။kook ကြောက်လန့်ကာ tae အနားကိုတိုးကပ်သွားသည်။tae က kook ကိုကြည့်ပြီးသနားလည်းသနားမိသည် စိတ်ကတော့မပြေသေး။kook က tae ဘေးနားမှာကပ်ထိုင်လိုက်သည်။ kook ဘေးနားမှာက အချုပ်သားတစ်ယောက်ရှိနေသေးသည်။ ထိုသူက kook ကိုစိုက်ကြည့်နေသောကြောင့် kook လန့်သွားရသည်။

''အမလေး''

kook က tae လက်ကိုဖမ်းဆုပ်လိုက်ပြီးကြောက်ရွံ့သောမျက်လုံးများဖြင့်ကြည့်နေသည်။

''အခုမှလာကြောက်မနေနဲ့မင်းလုပ်လို့ဒီထဲရောက်တာ''

ဟိုလူကလည်း kook အနားကိုတိုးလာသည်။

''hyung ဟိုမှာတိုးလာနေပြီးဘာလုပ်မို့လဲမသိဘူး ကျွန်တော်ကြောက်တယ်''

kook က tae ဘက်ကိုအတင်းတိုးကပ်ကာမျက်လုံးမှိတ်ထားသည်။tae က kookကိုကြည့်ကာတစ်ချက်ပြုံးပြီးဖုခုံးကိုဖတ်လိုက်သည်။kook ဘေးကလူကိုကြည့်ပြီး အသံမာမာနှင့်ပြောလိုက်သည်။

''ဟေ့လူ ခင်ဗျားဘာဖြစ်နေတာလဲသေချင်နေတာလား ကိုယ့်နေရာကိုနေ''

kook ရဲ့ခေါင်းလေးကိုဖွလိုက်ပြီး

''မကြောက်နဲ့တော့နော် hyung ရှိတယ် လာဒီဘက်ခြမ်းကို''

tae က kook နဲ့နေရာလဲပေးလိုက်သည်။tae ထိုသူ့ကိုလက်နှင့်ရွယ်ပြီးထိုမဲ့ပုံစံလုပ်တော့ထိုသူကအနောက်ပြန်ဆုတ်သွားသည်။ tae က kook ဘက်ကိုပြန်လှည့်လိုက်ပြီး ထွေးပွေ့ထားလိုက်သည်။kook က tae ရင်ခွင်ထဲကို ခေါင်းလေးအပ်ထားသည်။tae ထိုအပြု အမူကိုကြို က်သည်ကျေနပ်မိသည် တစ်သက်လုံးထွေးပွေ့ကာကာကွယ်စောင့်ရှောက်သွားချင်မိသည်။kookခေါင်းလေးကိုပွတ်သက်ပေးနေလိုက်သည်။

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now