Chapter 2

15.3K 1.1K 23
                                    

Zawgyi

kook ဧည့်ခန်းထဲတွင်ထိုင်ကာဖင်တကြွကြွဖြစ်နေသည်။hyung နဲ့မတွေ့ရတာတစ်ရက်ရှိပြီလေ။ဟိုကလည်းသူ့ဆီမလာ omma ကလည်းဟိုးဘက်မလွှတ် ။တွေ့ပြန်ရင်လည်း ကီးမကိုက် မတွေ့ရရင်လည်းမနေနိုင် သံယောဇဉ်က hyung အပေါ်ကြီးမားလှသည့်အတွက် တစ်ရက်မတွေ့တာနှင့်နေမထိထိုင်မထိဖြစ်လာသည်။အဲ့ဒါကြောင့်ထမင်းစားပြီးတာနှင့်ဧည့်ခန်းထဲစိတ်ညစ်စွာဝင်ထိုင်နေလိုက်သည်။

''ဟူး''

kook သက်ပြင်းချကာနှုတ်ခမ်းလေးကိုအနည်းငယ်ဆူပြီးလက်နှစ်ဖက်ဖြင့်ဆံပင်တွေကိုကုတ်နေသည်။

''ဟား''

kook မတ်တပ်ရပ်ကာခြံဝကိုကြည့်မိသည်။ဧည့်ခန်းထဲမှာဟိုဘက်လျှောက်လိုက်ဒီးဘက်လျှောက်လိုက်နှင့် ဖွား yoon ကတော့ kook ကိုမျက်မှန်အပေါ်ကနေကြည့်နေသည်။

''kookie လေးဘာတွေဖြစ်နေတာလဲဖွား yoon မူးလာပြီး''

kook ခြေကိုစောင့်ကာရပ်လိုက်သည်။ပြီးတော့ဖွားyoonဘက်လှည့်ပြီးမျက်လွှာလေးချကာချစ်စဖွယ်အသံလေးဖြင့်စကားဆိုသည်။

''kookie ဘာဖြစ်နေတယ်ဆိုတာကို ဖွား yoon မသိပါဘူး   စိတ်ညစ်တယ်''

ပြောရင်းနဲ့ kook ဆိုဖာပေါ်ထိုင်ကာ ဖွား yoon ပေါင်ပေါ်ခေါင်းတင်ပြီးလှဲချလိုက်သည်။ပြီးနောက် ခေါင်းကိုခါသည်။

''ဟား   ရူးတော့မယ် တကယ်ဘဲ''

ထိုအချိန် jin အပြင်မ အိမ်ထဲသို့ပြန်ဝင်လာသည်။kook ကိုမြင်တော့တစ်ချက်ပြုံးပြီး

''ဖွား yoon ဘေးဘာကပ်ချွဲနေတာလဲ  မုန့်ဖိုးကုန်ပြီလား  အထက်တန်းဖြေပြီးကတည်းကလက်ယားလက်ယားနေနေတာ သင်တန်းလေးဘာလေးတက်ပါလား''

''ဟာ omma ကလည်းစိတ်ရှုပ်ပါတယ်ဆိုမှစိတ်ရှုပ်စရာတွေပြောနေပြန်ပြီး မတက်ချင်ပါဘူး''

''အဲ့ဒါဆိုလည်းပြီးတာဘဲ omma ဆိုင်သွားအုံးမယ်''

''ဒါနဲ့omma ဘယ်ကပြန်လာတာလဲ''

''ဘယ်ကပြန်လာရမှာလည်း namjoon တို့ဆီကပေါ့ သားtae လေးကိုဒီးဘက်မလာဖို့သွားပြောတာ''

''ဘာာာ''

''မင်းဘဲမပတ်သတ်တော့ဘူဆိုအဲ့ဒါကြောင့်မလာဖို့သူ့omma ကိုသွားပြောတာ''

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now