Hallo

10.8K 414 3
                                    

မင်္ဂလာပါ ခင်​ဗျ....ကျ​နော့်​ နာမည်​ Bas ပါ လူတစ်​ချို့က ကျ​နော့်​နာမည်​ကို မမှတ်​မိ​ပေမယ့်​ မျက်​​တောင်​ရှည်​ရှည်​​လေး​တွေနဲ့ ချစ်စ​ရာနှုတ်​ခမ်းပိုင်​ရှင်​​လေးဆို သိကြတယ်​ခင်​ဗျ 😁
ဟဲဟဲ..ကျ​နော်​​နောက်​​နေတာ ကျ​နော်​က အဲ့လိုပဲ ​ပျော်​​ပျော်​​နေတတ်​တယ်​ ခု​လော​လောဆယ်​​တော့ ကျ​နော်​ စိတ်​ရှုပ်​​နေတာဗျ ဘယ်​နှယ့်​ဗျာ အိမ်​​ပြောင်းရတာ အလုပ်​ရှုပ်​ပါတယ်​ဆိုမှ ဒီတစ်​ခါပါဆို ၃ခါရှိပြီ မကြာမှီဆယ်​တန်းတတ်​​တော့မယ့်​ ကျ​နော့်​ကို ​ကျောင်းတတ်​ရအဆင်​​ပြေ​အောင်​တဲ့ ကျ​နော့်​မှာ သူမကို ချစ်​​တော့လည်း သူမအလိုကျ လိုက်​​လျော​ပေးရတာ​ပေါ့...သူမဆိုလို့တမျိုးမထင်​နဲ့​နော်​ သူမဆိုတာ ကျ​နော့်​ မာမီ ​ပြောရရင်​​မေ​မေ​ မွေးမိခင်​​ပေါ့ဗျာ.....😁
သူမက ကျ​နော့်​ကို သိပ်​ချစ်​တာဗျ ကျ​နော်​ ပါးပါးဆုံးပါးသွားထဲက ​​နောက်​အိမ်​​ထောင်​မပြုပဲ ကျ​နော်​ ကိုပြုစုပြိုး​ထောင်​​ပေးလာတာ ကျ​နော်​တို့သားအမိ​တွေက သူငယ်​ချင်းဆိုလဲဟုတ်​တယ်​ ရင်​ဖွင့်​​ဖော်​​ပေါ့ဗျာ အဲ ဒါ​ပေမယ့်
ကျ​နော့်​ ချစ်​သူအ​ကြောင်း​တော့ သူမကို ​ပြောမပြဖြစ်​ခဲ့ပါဘူးဒါကို ကျ​နော်​မ​ပြောလည်း သူမနားလည်​မှာပါ 
ရယ်​သံ​တွေဆိတ်​သုန်းခဲ့တဲ့ ကျ​နော်​တို့အိမ်​....
ဟာသ​တွေ ​ပြောက်​ဆုံးခဲ့တဲ့ ကျ​နော့်​ နှုတ်​ခမ်းများ....
ဟန်​​ဆောင်​ ပြုံး ပြုံးဖို့​တောင်​မစွမ်း​ဆောင်​နိုင်​ခဲ့တဲ့ ကျ​နော့်​ ​နေ့ရက်​​တွေမှာ ကျ​နော့်​ ရင်​ထဲက ခံစားချက်​​တွေ သူမသိသွားခဲ့တယ်​...............

မုန်းတယ်​.....

ဒီ​လောကကြီးထဲ ကျ​နော့်​ ကို ​မေ​မေ ​မွေးထုတ်​​ပေးခဲ့တာ ခင်​ဗျားတွက်​ မဟုတ်​ဘူး...

ကျ​နော်​ ခန္နာက ခင်​ဗျားတွက်​ ဖြစ်​တည်​ခဲ့တာ မဟုတ်​ဘူး...

မုန်းတယ်​ ကျ​နော့်​ နှလုံးခုန်​သံ​တွေကို လှုပ်​နှိုးခဲ့သူဟာ ခင်​ဗျားဖြစ်​​နေလို့....

မုန်းတယ်​ ခင်​ဗျားနှုတ်​က စကားသံတိုင်း တ​သွေမတိမ်းလိုက်​နာတတ်​ခဲ့လို့....

မုန်းတယ်​ ခင်​ဗျား​ကြောင့်​ နာကျင်​စရာ​တွေ ကြုံလာတိုင်း ခင်​ဗျားအပြစ်​လို့ မမြင်​နိုင်​ပဲ မြတ်​နိုးစွာ ခုံမင်​တတ်​ခဲ့လို ....

မုန်းတယ်​ ကျ​နော်​ ခင်​ဗျားကိုသိပ်​မုန်းတယ်​ p God


ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now