Ep.9

4.5K 395 66
                                    



📞📞.......

ဘယ်​သူလဲကွာ ​စော​စောစီးစီး .....
နားထဲမှာ ဆူညံလာတဲ့ ဖုန်းသံ​ကြောင့်​ မျက်​လုံး​မဖွင့်​​နိုင်​သေးပဲ ဖုန်းကို လိုက်​စမ်းရသည်​။
နားမှာကပ်​လိုက်​သည့်​တိုင်​ no ကိုလဲမကြည့်​မိ ....။

"Hallo "

"Morning အိပ်​ပုတ်​​လေး မထ​သေးဘူးလား "

နားကြားများမှားသလား ....အိပ်​ချင်​စိတ်​​တောင်​ ဘယ်​​ပြောက်​သွားမှန်းမသိဘူး စားပွဲ​ပေါ်က နာရီကိုလှမ်းကြည့်​​တော့ 6.00 တီးဖို့15..။

"ပြန်​အိပ်​​နေတာလား "

"မဟုတ်​ပါဘူး အ​စောကြီးဖုန်းဆက်​လို့ အံဩသွားတာ "

"haha မ​စော​တော့ဘူး​လေ အိပ်​ပုတ်​​လေးရဲ့ ထ​တော့ "

"မထ​သေးပါဘူး ကျ​နော်​အိပ်​အုံးမှာ "

"ဒီ​နေ့ အတန်းချိန်​မရှိဘူးလား "

"ဟင့်​အင်း သင်​တန်းကလဲ ​နေ့လည်​မှသွားရမှာ "

"အာ့ဆိုရင်​ ကိုယ့်​ကို​နေ့လည်​စာ ပြင်​​ပေးပါလား စားဖိုမှူးကြီးပြင်​​ပေးတဲ့မနက်​စာ စားချင်​လို့ "

ကျ​နော်​ အလန့်​တကြား ထထိုင်​မိသည်​ ။
တကယ်​ပဲ ကျ​နော်​ နားကြားများမှားသွားတာလား ...။

"ဘာလဲ မပြင်​​ပေးချင်​လို့လား ဟိုတစ်​ခါတုန်းက မင်းရဲ့ပထမဆုံး လက်​ရာကို ကိုယ်​မစားဖြစ်​လိုက်​ဘူး အဲ့ဒါ​ကြောင့်​ပါ "

"ရပါတယ်​ ကျ​နော်​ ပြင်​​ပေးပါ့မယ်​ "

"​ကျေးဇူးပဲ အဲ့ဒါဆို bye ​နော်​ ​နေ့လည်​ကျမှ​တွေ့မယ်​ "

"ဟုတ်​ကဲ့ "

အိပ်​ယာ​ပေါ်မှာ ထိုင်​လျက်​ပြုံး​နေမိ​သော ကျ​နော်​ ဒီ​နေ့ဟာ ကျ​နော့်​အတွက်​အမှတ်​တရ lucky day ပင်​....။


မီးဖို​ချောင်​ ထဲမှာတစ်​​ယောက်​ထဲ သီချင်းညည်း​လိုက်​ ချက်​လိုက်​နဲ့ ကျ​နော့်​ကို ​မေက ဆိုင်​မသွားခင်​စသွား​သေးသည်​ ။
ပိတ်​ရက်​တိုင်း ကျ​နော်​အိပ်​ယာထတဲ့အချိန်​က ​နောက်​ကျမှထတတ်​တာကိုး ဒီ​နေ့မှအ​စောကြီးထ ချက်​ပြုတ်​​နေ​တော့ အထူးဆန်းဖြစ်​​နေမှာပင်​ ။
ထမင်းကိုပင်​ အကျအနပုံ​ဖေါ်ထား​သော ထမင်းဘူး​လေးကို တစ်​ချက်​ကြည့်​ရင်း ပြည့်​စုံပြီဆိုမှ အဖုံးပိတ်​လိုက်​သည်​ ။

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now