Ep.4

4.8K 331 8
                                    



ကား​ဘော်​ဒီကို မှီရပ်​​နေရာမှ ကျ​နော့်​ကိုမြင်​​တော့ ​ရှေ့အနည်းငယ်​တိုးရပ်​လာရင်း လှမ်းပြုံးပြတယ်​။ဆံပင်​​တွေကို​နောက်​ကို သိမ်းတင်​ထားပီး ရှပ်​လက်​ရှည်​အဖြူကို လက်​​​ခေါက်​တင်​ထားကာ ​ဘောင်းဘီအိပ်​ထဲ လက်​​တွေထည့်​ထားသည်​။ဒီလူကြီး ဘာလို့ ဒီ​လောက်​​ချော​နေရတာလဲ ။သူနဲ့သာ စကား​ပြောတိုင်းဘု​ဘောက်​ဖြစ်​​နေ​ပေမယ့်​ တခြားသူ​တွေနဲ့ဆို အဆင်​ကို​ချောလို့ ဒါ့​​ကြောင့်​​ကောင်​မ​လေး​တွေ ဝိုင်းဝိုင်း​လည်​​နေတာ​နေမှာ အဲ့ဒါကိုပဲ သူသ​ဘောကျ​နေတာ​နေမယ်​ ။ ပီးရင်​ လူက လူရိုးလူ​အေးပုံနဲ့။

"အ ."

အ​တွေးထဲမှာ တစ်​​ယောက်​ထဲ မဲ့လိုက်​ရွဲ့လိုက်​နဲ့ အတင်းတုပ်​ ​နေဆဲ ရုတ်​တစ်​ရတ်​ ​ဘေးမှာ ထိုင်​​နေတဲ့သူက သူ့​ခြေလှမ်း​တွေ ​ရှေ့ ​ခြေ​ထောက်​လှမ်းဆန့်​လိုက်​သဖြင့်​ ​ရှောင်​ချိန်​မရလိုက်​ ထွက်​လာတဲ့​ခြေ​ထောက်​ကို ခလုတ်​တိုက်​ကာ ​ရှေ့ကိုဟပ်​ထိုးလဲ​တော့သည်​ ။
တော်​​သေးသည်​ ​ရှေ့မှာရှိ​နေတဲ့သူက လှမ်း​ပွေ့ထားလို့ နို့မို့ဆို သူ့မျက်​နှာ ဘိန်းမုန့်​ဖြစ်​သွား​လောက်​တယ်​ ။

နီးကပ်​​နေတဲ့ အ​နေထား တစ်​ခုမှာ ကျ​နော်​ သူ့မျက်​ဝန်း​တွေစီက​နေ ​ရှောင်​လွှဲဖို့ ခက်​​နေတယ်​ တိုစိပ်​စိပ်​မျက်​​တောင်​ ဖျားတို့​အောက်​က ရီ​ဝေ​ဝေ မျက်​ဝန်းတစ်​စုံ​အောက်​ စပါးကြီး​မြွေ တစ်​​ကောင်​အညို့ခံရသလို ကျ​နော်​ အကြည့်​​တွေ လွှဲဖယ်​လို့မရဘူး။ ခုချိန်​ ကျ​နော့်​ အသိစိတ်​မှာ ပတ်​ဝန်းကျင်​တစ်​ခုလုံး တိတ်​ဆိတ်​ ငြိမ်​သက်​လျှက်​ ကျ​နော့်​ ဝဲဘက်​ရင်​အုံစီမှ တဒုန်းဒုန်း မြည်​​နေသံတစ်​ခုသာ နားထဲမှာ ကျယ်​​လောင်​ဆူညံ​နေတယ်​။

"ချာတိတ်​ ​မေး​နေတယ်​​လေ ဘာဖြစ်​သွား​သေးလဲ "

"ဟင်​ မဖြစ်​.."

"မဖြစ်​ရင်​ ဖယ်​အုံး ဒီမှာ ​ကျော​အောင့်​​နေပီ "

သူ့စီက ​စကားသံ ခပ်​ကျယ်​ကျယ်​ကြားမှ ကျ​နော်​အိပ်​ယာက လန့်​နိုးသူလို ဂ​ယောင်​​ချောက်​ချားနဲ့ သူ့ရင်​ခွင်​ထဲက ရုန်းထွက်​မိတယ်​ ....မငြိမ်​သက်​​သေးတဲ့နှလုံးခုန်​သံ​တွေ​ကြောင့်​ ဒူး​တွေကမခိုင်​ ​နောက်​ထပ်​တစ်​ကြိမ်​ ညွှတ်​​ခွေအကျမှ သူကလှမ်းထိန်းရင်း ။

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now