Ep.15

5.2K 389 80
                                    



လှပလွန်း​သော အိမ်​မက်​ကမ္ဘာထဲက ကျ​နော်​ မနိုးထချင်​ဘူး။
ချစ်​ရသူနဲ့အတူ ခရီးနှင်​နယ်​ချဲ့​နေတာ မိုင်​​တိုင်​ဘယ်​​လောက်​ထိ ​ရောက်​​နေပြီလဲ သတိမထားမိ .....။
တကယ်​ဆို ချစ်​သူလက်​ကို ဆုပ်​ကိုင်​ပြီး ကမ္ဘာ့အစွန်​ဆုံးထိ ထွက်​​ပြေးချင်​မိတာ ကျ​နော့်​ဆန္ဒ  ......။
အဲ့လိုသာဆို နာကျင်​စရာမရှိပဲ ​ပျော်​စရာအတိပြီး​နေမှာ ဒါ​ပေမယ့်​လည်း ဒါအိမ်​မက်​​လေ တကယ်​လက်​​တွေ့မှ မဟုတ်​ခဲ့ပဲ။

"အား...ကျွတ်​ကျွတ်​ "

ကိုက်​လိုက်​သည့်​​ခေါင်း ဆယ်​​ပေါင်​တူနဲ့ ထု​နေသလားမှတ်​ရတယ်​...အရက်​နာကျတယ်​ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်​မည်​။
ဒီမနက်​ မားကလဲ လာမနှိုး ညကလူမှန်းမသိ​အောင်​ ​သောက်​လာလို့လား မ​ပြောတတ်​ဘူး အိမ်​ကိုဘယ်​လိုပြန်​​ရောက်​လာမှန်းကို မသိတာ။
ဖွင့်​လို့မရတဲ့ မျက်​လုံး​တွေ​ကြောင့်​ မျက်​ခုံးနှစ်​ခုကို ဖိရင်း​ဖြေး​ဖြေး ဖွင့်​ရသည်​ ခံလိုက်​အုံး​ပေါ့ အရက်​သမားတစ်​​ယောက်​ရဲ့ ဖီလင်​ဆိုတာ ။

ဟင်​ ဒါဘယ်​သူ့အခန်းလဲ မပွင့်​တပွင့်​​ဖြစ်​​နေ​သေးတဲ့ မျက်​လုံး​တောင်​ပြူးကျယ်​သွားရသည်​။
ခေါင်းကိုက်​​နေတာ​တောင်​ ဘယ်​ဆီ​ရောက်​သွားမှန်းမသိ။

ငါ ဘယ်​ကို​ရောက်​​နေတာလဲ ညက ဘားမှာ သူတစ်​​ယောက်​ထဲ မူး​အောင်​​သောက်​​နေမိသည်​ ​နောက်​​တော့ ​နောက်​​တော့ သူမသိ​တော့ ။

နို့စိမ်း​ရောင်​နဲ့အဖြူ​ရောင်​​ရော​စပ်​​သော ခန်းစီးစက ပြတင်း​ပေါက်​ကတိုးဝင်​လာ​သော ​လေ​ကြောင့်​ ယိမ်းနွဲ့​နေကြတယ်​ ။
ပြတင်း​ပေါက်​နားမှာ စာကြည့်​စားပွဲတစ်​ခု ရှိ​နေပြီး ​ဘေးမှာ​တော့ စာအုပ်​စဉ်​တစ်​ခုရှိ​နေကာ ထိုစာအုပ်​စဉ်​​ပေါ်မှာ အရုပ်​တစ်​ချို့ပါ ရှိ​နေသည်​ ။
ကုတင်​​ဘေး စားပွဲပု​လေး​ပေါ်က ညအိပ်​မီးအိမ်​​လေးနဲ့ နာရီ​လေး ​ဘေးက ခ​လေးရဲ့ပုံရိပ်​​လေးက​တော့ သူ့ကိုပြုံးကြည့်​​နေသည်​။

OMG ..ဒါ.ချာတိတ်​ အခန်း ဒါ..ဒါဆို ညက အိမ်​မက်​က ။
အဝတ်​စား မရှိသည့်​ ကိုယ်​ကို ငုံ့ကြည့်​ရင်း မှားပီဆို​သောအသိက ရင်​တစ်​ခုလုံး မီးမျှိုက်​ခံလိုက်​ရသည့်​နှယ်​။

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now