EP.17

6.5K 398 98
                                    


P'God pov'😔💔...................


ထွက်​သွားတဲ့​ကျောပြင်​​လေး ​ပျောက်​ကွယ်​သွားချိန်​မှာ ဒါဟာ
ကျ​နော်​ ထာဝရ သူ့ကိုဆုံးရှုံးလိုက်​ရတာမှန်း သိခဲ့လျှင်​ ....။
ကျ​နော်​ သူ့လက်​ကို မလွှတ်​တန်း ဆုပ်​ကိုင်​ထားမိအုံးမယ်
ထင်​တယ်​ ......။


"သားငယ်​​လေးတို့ မရှိ​တော့ဘူးသား အရင်​​နေခဲ့တဲ့အိမ်​ကို ​ပြောင်းသွားကြပြီ "

"ဗျာ မဟုတ်​တာ မား ကျ​နော့်​ကိုညာ​နေတာမှလား မ​နေ့ကပဲ"

"မားတကယ်​​ပြော​နေတာ သား ညက​ပြောင်းသွားကြတာထင်​တယ်​ ဒီမနက်​မှ ​မေရီဖုန်းဆက်​လို့ မားတို့လဲသိရတာ..."



တကယ်​ပါ ကျ​နော်​အတွက်​ ကမ္ဘာပျက်​သွားသလိုပဲ အရူးတစ်​​ယောက်​လို ဟိုဘက်​ခြံ​ပြေးသွားပြီး လူမရှိမှန်းသိရဲ့ ​အော်​​ခေါ်​နေခဲ့မိတယ်​....တကယ်​ဆို ကိုယ်​​ရွေးချယ်​ခဲ့တာ ​နောက်​ထပ်
ဒီလိုမ​ဝေးချင်​ခဲ့လို့​လေ ဘာလို့ ထားသွားရတာလဲ....
မင်းနဲ့ နီးနီးကပ်​ကပ်​ ​နေနိုင်​ဖို့ မင်းကိုမျက်​စိ​ရှေ့မှာပဲ အမြဲမြင်​ခွင့်​ရဖို့ ငါ့ဆန္ဒ​တွေကို ထိန်းချုပ်​ထားခဲ့တာဟာ အခုလို ​ကွဲကာပြန်​ဖို့လား ...။

အလဲလဲအပြိုပြိုဖြစ်​​နေတဲ့ ပုလင်း​တွေနဲ့အပြိုင်​ လူလဲ​ခေါင်းမ​ထောင်​နိုင်​​တော့ ...အိပ်​ကပ်​ထဲက ဖုန်းကိုထုပ်​ပီး lock ချထားတဲ့ file ကိုဖွင့်​လိုက်​​တော့ ​ဝေဝါးဝါး အမြင်​အာရုံထဲမှာ ​တောက်​ပစွာ ပြုံး​နေတဲ့ အပြုံးပိုင်​ရှင်​​လေး ...ဆံနွယ်​​ပျော့​ပျော့​လေး​တွေကို ထိုးဖွတိုင်း ဖြူစင်​စွာ ပြုံးတတ်​သူ​လေး...
အခု​တော့ အဲ့လိုပြုံးပြမယ့်​သူက အ​ဝေးကိုထွက်​သွားခဲ့ပြီ .....။

နူးညံ့ချိုမြိန်​တဲ့ နှုတ်​ခမ်း​လေးကိုလဲ လွမ်းတယ်​ ..ဖြူစင်​လွန်းတဲ့အပြုံး​လေးကိုလဲ လွမ်းတယ်​....စကားတတ်​တိုင်း တစ်​ခွန်းမကျန်​ခံ​ပြောပီး ရွဲ့တတ်​တာ​လေးကိုလဲ လွမ်းတယ်​..။
ပြန်​လာပါ ...​ခေါ်ခွင့်​မရှိ​ပေမယ့်​ ကိုယ်​​ခေါ်ချင်​တယ်​ ....။

ခ​လေးချစ်​​သောလူကြီးHikayelerin yaşadığı yer. Şimdi keşfedin