Ep.8

4.5K 379 43
                                    

မိုး​တွေညို့​နေတာ ည​နေထဲကဖြစ်​သည်​။
အပြင်​သွားတိုင်း ထီးယူရမှာပျင်းတဲ့ကျ​နော်​ ဒီ​နေ့လဲ ထီးမပါတာမို့ မိုးမရွာပါ​စေနဲ့သာ ဆု​တောင်း​နေရသည်​။
ကျောင်းတစ်​ဖက်​သင်​တန်းတစ်​ဖက်​နဲ့ ကျ​နော့်​ကို ​မေကပင်​ပန်းမှာ စိုးရိမ်​​ပေမယ့်​ ကျ​နော့်​အတွက်​က​တော့ ပိုလို့ပင်​အဆင်​​ပြေ​သေးသည်​။
ဘာလို့ဆို အားအားရှိ​ခေါင်းထဲ​ရောက်​​ရောက်​လာတဲ့ ဟိုလူကြီးအ​ကြောင်းကို ဝါသနာပါတာ​လေး​တွေလုပ်​ရင်း ​ခန​လောက်​မေ့​ဖျောက်​ထားလို့ရသည်​​လေ။
အရင်​က ပိတ်​ရက်​​တွေ​လောက်​ပဲ သင်​တန်းကိုသွားဖြစ်​​ပေမယ့်​ ခု​တော့ အတန်းလွတ်​ချိန်​တိုင်း​ရောက်​ဖြစ်​​နေတဲ့ ကျ​နော့်​ကို P'kimကအလုပ်​သင်​အဖြစ်​လုပ်​ဖို့ပင်​ ​ပြောလာသည်​။ P'kimက ဆရာဆိုလဲဟုတ်​ သူ​ဌေးဆိုလဲဟုတ်​ သူကိုယ်​ပိုင်​စား​သောက်​ဆိုင်​ကြီးဖွင့်​ထားကာ ဝါသနာပါတဲ့သူအနည်းငယ်​ကို သငိတန်း​ပေးတာပင်​ ။ခုရက်​ထဲ ကျ​နော်​ ဟိုလူကြီးကို ​ရှောင်​​နေမိတယ်​ ။
သားအမိ နှစ်​​ယောက်​မှ CR-Vတစ်​စီးသာ ရှိတာမို့ မနက်​ဆို အ​စောကြီးထ ​မေနဲ့ဆိုင်​လိုက်​သွား ခန​လောက်​ကူညီပီးရင်​ ဆိုင်​ကတစ်​ဆင့်​ bus စီးပီး​ကျောင်းသွားတယ်​ ​အတန်းချိန်​ပီးတာနဲ့ သင်​တန်းကို တန်းသွား စာ​မေးပွဲနီးလာလို့ အတန်းချိန်​​တွေပိလာတဲ့ ဟိုလူကြီးနဲ့လဲ ​ရှောင်​ပီးသားဖြစ်​ ကျ​နော်​​တော်​​တော်​ ​တော်​လာတာပဲ ..။
ဒါ​ပေမယ့်​ သူ့နဲ့မ​တွေ့ဖြစ်​တာ တစ်​ပတ်​​လောက်​ရှိ​နေပြီ ..။
ကျ​နော်​သူ့ကိုမလွမ်းဘူးလားဆို​တော့
ဘယ်​လို​ပြောရမလဲ
ကျ​နော်​ ညာ​ပြောသင့်​လား....။
ဒါ​ပေမယ့်​ ကျ​နော်​မညာချင်​ဘူး ဘာလို့ဆို
ကျ​နော်​....သူ့ကို .....အရမ်းလွမ်း​နေလို့.....။

Bus​ကား​ပေါ်က ဆင်းတာနဲ့ အငြိုးကြီးတဲ့မိုးက တ​ဖြော​ဖြောနဲ့ ပြိုဆင်းလာတာ အသည်းအမဲ .....၊
မှတ်​တိုင်​က အမိုး​အောက်​ ​ပြေးဝင်းရင်း ​တွေးမိတယ်​ ထီးယူဖို့ပျင်း​တာ ခု​တော့ ခံရပြီ။

"မိုးရာသီထဲ အပြင်​သွားပြီး ထီးမယူပဲနဲ့ ဘယ်​လိုလုပ်​မလဲ "

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now