EP.1

7.5K 378 11
                                    

ကျ​နော်​တို့​ပြောင်းလာ​သော အိမ်​​လေးသည်​ ထင်​ထားတာထက်​ပင်​ ​နေချင်​စဖွယ်​​လေးဖြစ်​​နေသည်​....နဂိုက အိမ်​​ပြောင်းတိုင်း တစ်​နည်းမဟုတ်​တစ်​နည်း ဂျီကျ​တတ်​​သော ကျ​နော်​ အိမ်​​လေးကိုမြင်​တာနဲ့ သ​ဘောအကျကြီးကျမိ​တော့သည်​..... မြတ်​ခင်းစိမ်းတို့​ပေါ်တွင်​ ​ဆောက်​ထား​သောအိမ်​​လေးမှာနို့နှစ်​​ရောင်​ တစ်​ထပ်​တိုက်​ပု​လေးဖြစ်​သည်
သိပ်​မကျယ်​ဝန်း​သော ခြံ​လေးက သစ်​မာသားများဖြင့်​ ထိပ်​အချွန်​​တွေလုပ်​ပီး ကာထား​ကာ အဖြူ​ရောင်​​ဆေးများသုတ်​ထားခြင်းကပင်​ တစ်​မျိုး အမြင်​​အေး​စေသည်​.......

"​မေ အဲ့ဒါ ကျ​နော့်​စာအုပ်​​တွေ ​လေးတယ်​ ကျ​နော့်​ ကို​ပေး"

"ရပါတယ်​ သားရယ်​ ဒီ​လောက်​က"

"ကျ​နော့်​ရဲ့ မိန်းခ​လေးပင်​ပန်းမှာကို မကြည့်​ရက်​လို့ပါခင်​ဗျ"

"Aigoo သိတတ်​လိုက်​တာ ​မေ့ သား​လေးက "

ပစ္စည်း ကြီးကြီးမားမား​တွေက အိမ်​​ပြောင်းတဲ့အလုပ်​သမား​တွေ ကူချ​ပေးသွား​ပေမယ့်​ တိုလီမိုလီဆွဲထည့်​ခဲ့သည့်​ ပစ္စည်း ​တွေက​တော့ ကိုယ့်​အားကိုယ်​ကိုးပင်​ ဒါ​တောင်​ အိမ်​ထဲမှာ ပစ္စည်း ​တွေ​နေရာမချရ​သေး .......

"​မေရီ....​မေရီမှလား"

"မမလင်း...."

"ဟယ်​ ကြည့်​စမ်း ​ဘေးအိမ်​ကိုလူသစ်​​တွေ​ပြောင်းလာတယ်​ဆိုလို့ လှမ်းကြည့်​​နေတာ ​​​မေရီနဲ့တူပါတယ်​ထင်​လို့ထွက်​လာတာ "

"ဝမ်းသာလိုက်​တာ မမလင်းရယ်​ ​မေရီ ​ပြောင်းသာ​ပြောင်းလာရတာ ပတ်​ဝန်းကျင်​အသစ်​နဲ့ ဆို​တော့ အားငယ်ေ​နတာ အခု​တော့ စိတ်​​အေးသွားပီ "

"မမလင်းလဲ ဝမ်းသာတယ်​ကွယ်​ ​..​မေရီအကိုသာ သိရင်​ဝမ်းသာမှာ.....အ​ဖေကြီး​ရေ ဒီမှာ ဘယ်​သူ​တွေလဲထွက်​ကြည့်​ပါအုံး...."

ကျ​နော်​အိမ်​ပြင်​ထွက်​လာ​တော့ ​မေကအန်​တီကြီးတစ်​​ယောက်​နဲ့စကား​ပြော​နေတယ်​ အဲ့လိုပဲ ​မေကသ​ဘော​ကောင်းသလို ဆက်​ဆံ​ရေးလဲ​ပြေပြစ်​လွန်း​တော့ ​ရောက်​တဲ့​နေရာမှာအသိမိတ်​​ဆွေမရှားဘူး​လေ........

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now