P.A.I.N(part-1) Z×U

12.1K 514 27
                                    

Jongin: Hyung ရေ Hyung

KS: wae JongIn ဘာလိုချင်လို့လဲ

JongIn: arnyi ဒီနေ့ ကျွန်တော့်ချစ်သူ အိမ်ကိုလာမလို့ အဲ့တာ Hyung က ဟင်းလေးချက်ပေးပါလား

KS: aww ရတာပေါ့ ချက်ပေးရမှာပေါ့ ဟင်းချက်စရာတွေတော့ မရှိဘူးဖြစ်နေတယိ

JongIn: ဟင်းချက်စရာတွေက ကျွန်တော် သူနဲ့ သွားဝယ်မှာမို့လို့ Hyung က အိမ်ကနေပဲ စောင့်နေ သွားတော့မယ်နော်

KS's pov: JongIn ဆိုတာ ကျွန်တော်နဲ် လက်ထပ်ထားတဲ့သူ

လက်ထပ်ထားတယ်ဆိုပေမယ့် မိဘတွေကြောင့်ပါ

အချစ်မပါပဲ ဆောက်တည်ခဲ့ကြပေမယိ့ အခုဆို ၁ နှစ်တောင်ရှိပြီလေ

သူက သာ မသိတာပါ ကျွန်တော်က သူ့ကိုချစ်နေတာကြာပေါ့

မှတ်မှတ်ရရ အဲ့နေ့က ကျွန်တော် သူ့ကို ဖွင့်ပြောမလို့လုပ်နေတဲ့နေ့

သူပြောတဲ့ စကားကြောင့် စိတ်ထဲမှာပင် မျိုသိပ်ထားလိုက်တယ် ဒီတစ်သက် JongIn ကို ချစ်တယ်လို့ မပြောတော့ဘူးဆိုပြီး

သူပြောလိုက်တာက သူ့မှာ ချစ်သူရှိနေပြီတဲ့

ကျွန်တော်ဘာဆက်ပြောနိုင်တော့မှာလဲ ပြောမယ့်စကားတွေတောင် လည်ပင်း ထဲမှာ စို့နေပြီး အသက်တောင် မနည်းရှူရတဲ့ အခြေအနေ

ငါမင်းကို ချစ်တယ် ငါ့ကို လက်ခံပါလို့လည်း ပြောရအောင် ကျွန်တော်က ယောကျာ်းလေးဖြစ်နေတယ်လေ

ပြီးတော့ အဲ့လို ပြောနိုင်ရဲလောက်တဲ် သတ္တိမရှိဘူး

ဒီနေ့လည်း သူ့ချစ်သူအိမ်ကို လာမယ်တဲ်

ဒါ ပထမဆုံးသော လာခြင်းမဟုတ်ပါဘူးလေ

သူလာတိုင်း ကျွန်တော်က ပြုံးပြပြီး သူတို့စားဖို့ ချက်ပြုတ်ကျွေးနေကြ

Hak ထူးဆန်းတယ်နော်. ကိုယ်နဲ့လက်ထပ်ထားတဲ့သူက တခြားမိန်းကလေးနဲ် ချစ်သူဖြစ်ရုံမကလို့ အိမ်ပေါ်ခေါ်လာပြီး ထမင်းတောင်ကိုယ်တိုင် ချက်ကျွေးနေရတာကို ကျွန်တော်ကပျော်မွေ့နေတယ်လေ

ရင်ထဲမှာလား အို ပြောမပြတတ်အောင် နာကျင်တာပေါ့

အိမ်ကို တစ်ခါလာတိုင်း ထမင်းချက်နေရင်းငိုခဲ့ရတဲ့နေ့တွေ

P.A.I.N [Z×U]Where stories live. Discover now