Kyungsoo ပြေးထွက်လာပြီး လူရှင်းတဲ့နေရာကို ရောက်တာနဲ့
ထိုင်ချကာ အော်ငိုလိုက်သည်....နောက်ဆုံးတော့..ဒီအချိန် ထိ ရောက်လာပြီပင်....
ချစ်ရသောသူထံကနေ...စိတ်ပျက်တယ် ဆိုတဲ့
စကားကိုကြားရတာ ဒီလောက်ထိ နာကျင်မယ်မှန်းမသိခဲ့ပေ.."စိတ်ပျက်နေတယ်ဆိုတာကို ကြိုသိခဲ့မယ်ဆိုရင်
ငါတွယ်ကပ် မနေပါဘူး JongIn ရယ်...ဒီတစ်ခါတော့ ငါလက်လွှတ်ပေးလိုက်ပါပြီ...."
မြေပြင်ပေါ်ကနေ အားတင်းကာ ထပြီး အိမ်သို့
ဦးတည်ကာသွားလိုက်သည်...ဝင်ဝင်ချင်း အလင်းရောင်မရှိပဲ မှောင်နေတာကြောင့်
JongInုပြန်မရောက်သေးဘူးဆိုတာ ခန့်မှန်းလို့ရသည်အိမ်ထဲကိုနှံ့အောင် ပတ်ကြည့်ပြီး
အဝတ်အစား တွေထုတ်ကာ ဆငိးလာခဲ့လိုက်သည်..မီးဖိုချောင်ထဲမှာတော့ JongIn အဆင်သင့် စားနိုင်မယ့်
စားစရာတွေကို ဖြည့်ထားလိုက်သည်...ထို့နောက် လေးပင်သော ခြေလှမ်းများဖြင့် ထွက်လာပြီး
နောက်ပြန်လှည့်ကြည့်လိုက်သည်...၁ နှစ်ကျော် နေလာခဲ့သော အိမ်လေးကို မျက်ရည်များနှင့်
နှုတ်ဆက်ကာ...ကျောခိုင်းလာခဲ့သည်....."မင်းဘဝလေးပျော်ရွှင်နေပါစေ...JongIn... "
~~~~~~~~~~~
"Hyung. hyung...."
အာပေါက်မတတ် အော်ခေါ်နေပေမယ့်...တုံ့ပြန်မှူမရှိတာကြောင့်
Kyungsoo ရဲ့ အခန်းထဲသို့ ဝင်လာခဲ့သည်...သို့သော်...လူရိပ်ယောင်တောင် မတွေ့...
အိမ်ထဲကို နှံနေအောင် ရှာပေမယ့်.မတွေ့တာကြောင့်
နောက်တစ်ကြိမ်ထပ်ပြီး....Kyungsoo ရဲ့အခန်းထဲ ဝင်ခဲ့သည်..မဟုတ်လောက်ပါဘူးဆိုပြီး.ဗီဒိုကို ဆွဲဖွင့်လိုက်တော့
ဟင်းလင်းဖြစ်နေသည်...."Hyung. "
ဆိုသော နာမည်လေးကို ရွတ်ပြီး...ခြေထောက်တွေ မခိုင်တော့ပေ.
လက်တွေလည်း တုန်ယင်ကာ...မျက်ရည်များလည်း..ဝဲနေသည်.
ကမန်းကတန်းဖြင့် အိတ်ထဲက ဖုန်းကိုနှိုက်ကာ ခေါ်ဆိုသော်လည်း
စက်ပိတ်ထားသည် ဆိုတဲ့ အသံကိုသာ ကြားရသည်...
YOU ARE READING
P.A.I.N [Z×U]
Fanfictionကျွန်တော်ဟာ နာကျင်မှုနဲ့ ပျော်မွေ့နေသူတစ်ယောက် ကျွန်တော်ဟာ သူ့အပြုံးမြင်တာနဲ့ နာကျင်မှုတောင် အပျော်အဖြစ်ကူးပြောင်းတတ်သူ Diika##### Boy ~ Boy