P.A.I.N-(Final)Z×U

5K 356 59
                                    

အနမ်းများကို ပုံ​ဖော်​ပြီး​နောက်​ KyungSoo
ဆီမှစကားသံ သဲ့သဲ့​လေးထွက်​လာသည်​။

"JongIn.yrrr."

တကယ့်​ကိုမှ တိုးလျ​သော အသံဖြင့်​ ​ခေါ်လိုက်​သည်​။

"Shuuu.."

သို့​သော်​ JongIn သူ့လက်​ကို KyungSoo နှုတ်​ခမ်း​လေး​ပေါ်
ထားပြီး ​ပြောလာမယ့်​ စကားလုံးများကို တားဆီးလိုက်​သည်​။

"ဘာမှ မ​ပြောနဲ့ Hyung...ဒီ​နေ့ ကျွန်​​တော်​နဲ့ hyung
အရင်​က မလုပ်​ဖူးတဲ့ အရာ​တွေကို လုပ်​မယ်​​လေ​နော်​.."

နဖူး​လေးကို နမ်းကာ ​ပြောလာတဲ်​ စကား​ကြောင့်​ KyungSoo
ဆက်​မ​ပြော​တော့ပဲ ငြိမ်​ငြိမ်​​လေး​နေလိုက်​သည်​။

"ကြယ်​​လေး​တွေက အရမ်းလှတာပဲ​နော်​ hyung.."

KyungSoo အ​ပေါ်​မော့ကြည့်​လိုက်​သည်​။
တလက်​လက်​နဲ့​တောက်​​ပ​နေ​သော ကြယ်​​လေးများ

KyungSoo ​ကောင်းကင်​​ပေါ်ကို ​ကြည့်​ပြီး​တော့
JongIn ကို ပြနကြည့်​မိသည်​။

နောက်​က​နေဖက်​ထားရုံမက KyungSoo တစ်​ကိုယ်​လုံး
သူ့ရင်​ခွင်​ထဲဝင်​​နေတာ​ကြောင့်​ ​မော့ကြည့်​လိုက်​​တော့ 

နှုတ်​ခမ်းပါးပါး တစ်​စုံရယ်​...
ယောကျာ်းပီသ​သော ​မေးရိုး...
စူးရှ​သော မျက်​ဝန်း...

JongIn မျက်​နှာ​ကို တစ်​စိမ့်​စိမ့်​ကြည့်​ပြီး လက်​​က​လေးဖြင့်
JongIn ပါးပြငိကို ထိလိုက်​သည်​။

"ကျွန်​​တော်​က အဲ့​လောက်​​တောင်​ ​ချောလား..."

JongIn စကား​ကြောင့်​ KyungSoo ရီလိုက်​သည်​။

အသည်းပုံနှုတ်​ခမ်း​ပေါ်​အောင်​ ရီလိုက်​​တော့ JongIn
သူ့ကို စိုက်​ကြည့်​​ကာ ပြူံးလိုက်​သည်​။

သို့​ပေမယ့်​ မျက်​ဝန်းမှာ​တော့ အရည်​လဲ့​နေ​သော မျက်​ရည်​စ​လေး​တွေက တွဲခို​နေသည်​။

"JongIn ​အေးတယ်​​လေ...အထဲဝင်​ရ​အောင်​.."

"Hyung ​အေး​နေပြီလား..အဲ့တာဆို အထဲဝင်​မယ်​​လေ.."

အိပ်ရာ​ပေါ်သို့ ​ရောက်​​တော့ KyungSoo ကိုယ်​​လေးကို သူ့ဘက်​ဆွဲယူပြီး အနီးကပ်​ဆုံး​နေခိုင်းသည်​။

P.A.I.N [Z×U]Where stories live. Discover now