P.A.I.N(part-5)Z×U

4.4K 390 20
                                    

JongIn တစ်နေကုန် နေလို့မရပေ
Hyung ကို လည်း စိတ်ပူနေသည်

Hyung ကို ဖုန်းဆက်ပြန်တော့ မကိုင်ပေ

တစ်နေကုန် သွားနိုင်တဲ့ နေရာတွေကို လိုက်ရှာပြန်တော့လည်း
လုံးဝမတွေ့ပေ

"Hyung ရယ်ဘယ်သွားနေတာလဲ "

~~~~~

KyungSoo လျှောကိသွားနေတာ တစ်နေကုန်နေပြီပင်

တစ်ကိုယ်လုံးလည်းစိုရွဲ ပြီး ခန္ဓာကိုယ်လေးကပါ တုန်နေသည်

ငိုထားသောကြောင့် မျက်လုံးကလည်း ဖောင်းအစ်နေသည်

လမ်းမှာရှိတဲ့ သူတွေကို တိုက်သွားလို့ လဲကျတာလည်း ခဏခဏ

ဒူးခေါင်းလေးတွေတောင် သွေးများစို့နေသည်

သူ့စိတ်ထဲ၌လည်း ဘာကိုမှမသိပေ
အရူးတစ်ယောက်လို အသိစိတ်လွတ်ပြီး
လျှောက်သွားနေတာပင်

Kyungsoo လျှောက်ရင်း လျှောက်ရင်းနဲ့
ခြေလှမ်းတွေ နှေးသွားသည်

မျက်လုံးများသည်လည်း ဝေဝါးနေသည်

KS's pov:ခဏလေးပါပဲ ခဏလေးပဲ ဖြစ်ဖြစ်
ဒီအတွေးတွေကနေ ဝေးရာကို ခေါ်သွားပေးပါ

ထို့နောက် အမှောင်ကမ္ဘာကို ရောက်ရှိသွားသည်

ထို့ညက မအိပ်ပဲ စောင့်နေသော ကောင်လေးတစ်ယောက် ရှိနေသည်

~~~~~~~~~~~

Ti ti ti

မြည်လာတဲ့ ဖုန်းသံကြောင့် sofa ပေါ် အိပ်နေရာမှ JongIn နိုးထလာခဲ့သည်

"Arshi ငါ မနေ့က အိပ်ပျော်သွားပဲ
Hyung ခုထိ ပြန်မလာသေးဘူးလား"

စိတ်ထဲကနေ တွေးရင်း

ဖုန်း contact ကို ကြည့်လိုက်သော Hyung တဲ့

"Hyung ဘယ်မှာလဲဟင် မနေ့က ပြန်မလာလို့ စိတ်ပူနေတာ
ကျွန်တော် ရှင်းပြမယ်
မနေ့က........"

JongIn တရစပ်ပြောနေရငိး ရှင်းပြမယ်လုပ်မှ ဟိုဘက်က ပြောလိုက်တဲ့ စကားကြောင့်

ကျောက်ရုပ်ပမာ ဖြစ်သွားသည်

"Hyung..... Hyung က ဆေးရုံမှာတဲ့လား"

ဘာကိုမှ မတွေးတော့ပဲ ဆေးရုံကိုရောက်ဖို့ သာ သိတော့သည်

ဆေးရုံရောက်တော့ nurse တွေကို မေးပြီး Kyungsoo ရှိရာသို့ လာတော့

P.A.I.N [Z×U]Where stories live. Discover now