P.A.I.N(part-12)Z×U

4.2K 367 36
                                    

တစ်ရေးနိုး ရေသောက်ချင်တာကြောင့် JongIn အောက်ထပ်ကို
ဆင်းလာလိုက်သည်..

Kyugsoo အခန်းကို ကြည့်တော့လည်း..အမှောင်အတိ.

Kyungsoo appa နဲ့ Kyungsoo စကား
အေးအေးဆေးဆေး ပြောရအောင်...သူရှောင်ပေးလိုက်တာပင်.

မှေးခနဲအိပ်ပျော်သွားတာကြောင့်..ဘာဖြစ်မှန်းလည်း မသိပေ..

လှေကားပေါ်ကအဆင်း...

ခွေခွေလေးလှဲကာ အိပ်နေတဲ့ Kyugsoo ကိုမြင်ပြီး
JongIn.ပြာပြာသလဲဖြင့်..သူ့နားသွားကာ..

ထူလိုက်သည်...

ဟင်...Hyung အိပ်နေတာပဲ....

တစ်ခုခုများ ဖြစ်သွားမလားဆိုပြီး.စိုးရိမ်လိုက်ရတာ..

Kyungsoo ရဲ့ မျက်နှာလေးကို သေချာကြည့်လိုက်တော့
မို့အစ်နေသလို...မျက်ရည်စများသည်လည်း...မခြောက်သေးပေ

Kyungsoo ကို ကြည့်ပြီး စိတ်မကောင်းပေ..

သို့သော် မတက်နိုင်ဘူးလေ...ကွာမရှင်းရအောင် လုပ်နိုင်ဖို့
အရေးကြီးသည်...

အတ္တကြီးတယ်လို့ ပြောရင်လည်း ပြောကြပါစေ...

Hyung ကို သူ့နားမှာပဲ ထားမှာ...

ပွေ့ချီလိုက်တော့ ဆွေ့ကနဲပါလာတဲ့ ခန္ဓာကိုယ်လေး....
.
"hyung တော်တေိာ ပိန်သွားတာပဲ...."
စိတ်ကရေရွတ်လိုက်သည်

အိပ်ရေးပျက်တာ များနေသည့်အလား
နွှစ်ခြိုက်စွာ အိပ်မောကျနေပေသည်...

ခန္ဓာကိုယ်လေးကို အိပ်ရာပေါ်အသာလေးချကာ
နွေးထွေးအောင် စောင်ခြုံပေးလိုက်သည်..

"အေးချမ်းစွာ အိပ်စက်ပါ Hyung..."

~~~~~~~~~~~~~~~

"JongIn yrrr JongIn.... "

"JongIn yrrr ဘယ်မှာလဲဟင်....Hyung... လာပြီလေ.."

"JongIn..."

ပါးစပ်က တဖွဖွ ရေရွတ်ရင်း..ပတ်ရှာမိသည်.

ဟော..တွေ့ပါပြီ...JongIn...

တစ်ယောက်အပြင်မရှိတဲ့ JongIn......

ဝမ်းသာအားရနှင့် သူ့အနားကိုသွားမည်အလုပ်....
ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်....

P.A.I.N [Z×U]Where stories live. Discover now