P.A.I.N(part-6)Z×U

4.2K 372 21
                                    

မနက်မိုးလင်းတော့

Hyung စားဖို့ လုပ်ပေးရမယ်ဆိုတဲ့ အတွေးနဲ့ အစောကြီးထလိုက်သည်

အရင်က ဒီအချိန်ဆို Hyung က သူ့ကိုလာနှိုးနေကြ

မနက်စာပြင်ပေးပြီး Hyung ကို လာနှိုးတော့

အိပ်နေတုန်းပင်

Hyung နားကို သွားတော့

ပါးပေါ်မှာ မခြောက်သေးတဲ့ မျက်ရည်စလေးတွေ

"Myian Hyung "

ကျွန်တော့် မှာ ပြောစရာ ဒီစကားပဲ ရှိတော့လို့ပါ

~~~~~~~~

Kyungsoo နိုးလာတော့ နေအတော်မြင့်နေပြီဖြစ်သည်

မထချင်ပေမယ့်လည်း

ထကာ ရေမိုးချိုးလိုက်သည်

ဒီနေ့လည်း JongIn ကို ဟန်ဆောင်ပြရဦးမှာပင်

"JongIn ရယ် ခဏလေးပါပဲ
တကယ်ခဏလေးပါပဲ ဒါပြီးရင် မင်းကို လွတ်လပ်ခွင့်ပေးမှာပါ"

စိတ်ထဲကရေရွတ်ရင်း

မျက်ရည်စလေးက ပါးပြင်ပေါ်မှာ နေရာဝင်ယူလေသည်

~~~~~~~~~~~

"Hyung နိုးလာပြီလား"

KS:Silent........

"Hyung ဒီနေ့ အိပ်ရာထတာ နောက်ကျတယ်နော်

မနက်စာမစားနဲ့တော့

ကျွန်တော်နဲ့ နေ့လည်စာ သွားစားကြမယ်"

Kyungsoo ဘာမှ မပြောတော့ JongIn
ဝမ်းနည်းသွားသည်

"Hyung ဒါဆို ကျွန်တော် အဝတ်အစား သွားလဲ လိုက်မယ်နော် ခဏလေးစောင့်"

JongIn ထွက်သွားတော့ Kyungsoo ထိုင်ချ မိလိုက်သည်

ထို့အတူ ရင်ဘက်ကလည်း ဆက်ကနဲ့ နာလာတော့ အသာထုလိုက်သည်

လူက အသက်ရှူမဝသလို ဖြစ်လာပြီး

ရင်ဘက်ကိုသာ ထုနေမိသည်

ထိုစဉ်

အပြင်ဘက်ကနေ ဘဲလ် သံကြားတော့

လေးပင်စွာ ထလိုက်သည်

တံခါးဖွင့်လိုက်တော့

သူ မ မြင်ချင်ဆုံး လူသား Suji ပင်

P.A.I.N [Z×U]Where stories live. Discover now