P.A.I.N(part-9)Z×U

4.2K 349 25
                                    

Kyungsoo ရေးထားတဲ့ စာရွက်လေးကို ကိုင်ကြည့်ပြီး

အရူးတစ်ယောက်လို ခေါင်းကိုသာ ရမ်းခါမိသည်..

ထို့နောက် ဒူးထောက်နေသော Kyungsoo ပခုံးကို
ဆွဲကိုင်ပြီး..လှုပ်ရမိးကာ....

"Hyung..ဒါဘာသဘောလဲ....."

Kyungsoo က မျက်ရည်စများပြည့်နေသော
မျက်ဝန်းဖြင့် ကြည့်လိုက်သည်.......

"Hyung မပြောနဲ့ ကျွန်တော်ပဲ ပြောမယ်......

ဒီကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးပေးနိုင်ဘူး...

ကျွန်တော် Hyung ကို ကွာရှင်းမပေးနိုင်ဘူး...

Hyung က ကျွန်တေိာ ကွာရှင်းမယ်ဆိုမှ ကွာရှင်းရမှာ.

ကျွန်တော့်ဘက်က စပြီး ကွာရှင်းမယ်လို့ မပြောမချင်း
မကွာရဘူး......"

JongIn ရဲ့ စကားကြောင့်...kyungsoo သူ့ကို
အံသြစွာ ကြည့်မိသည်....

သူ...ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်မယ်လို့..
မထင်ထားပေ....

ဒါဆို ကျွန်တော်က....သူကွာရှင်းမယ်လို့ မပြောမချင်း...

သူနဲ့ Suji ပျော်ရွှင်နေပုံတွေ...ချစ်ကြည်နူးတာတွေကို.

ကြည့်နေရဦးမှာတဲ့လား.....

အို.....သူ...ပြောရက်တယ်နော်...ကျွန်တော်ဒီ့ထက် ပိုပြီး

သည်းခံနိုင်စွမ်း..မရှိဘူးလေ....

သူမသိဘူး....သူ့ကြောင့် ကျွန်တော့် ရင်ထဲမှာ..နာကျင်ခဲ့ရတာတွေ

သူမသိဘူး...သူ့ကြောင့် ဒီကောင်ရဲ့ နှလုံးသား တစ်ခုလုံး
စုတ်ပြတ်သတ်နေတာတွေ....

သူမသိဘူး....ကျွန်တော်သူ့ကို ရူးမတက်ချစ်ခဲ့တာတွေ.

ဒါတွေကို... သူမသိဘူးလေ...သူက ကျွန်တော့်ကို
ဥပေက္ခာတရားနဲ့ ပျော်မွေ့အောင်နေခိုင်းတော့...

ကျွန်တော်ကလည်း သူ့ရဲ့ ဥပေက္ခာတရားတွေကို...
ချစ်အောင်ကြိုးစားနေခဲ့ရတယ်လေ....

တစ်ချိန်ချိန်တော့ ကျွန်တော့်ရဲ့ အချစ်တွေအတွက်
ဆုလာဘ်တစိခု ရမှာပါလို့ ထင်ခဲ့တယ်...

ဟက်...ကျွန်တော် ရူးခဲ့တာပဲကိုး...
ကျွန်တော်တစ်ယောက်တည်း...စိတ်ကူးတွေယဉ်ပြီး

P.A.I.N [Z×U]Where stories live. Discover now