Friday 금요일에 만날

535 73 33
                                    

[ Zawgyi Version ]

Chapter 3 - Friday 금요일에 만날

(Side Of JunMyeon)

ဒီနေ့တော့ ကျွန်တော်တို့ Hotel ဖွင့်ပွဲ အခမ်းအနားတစ်ခုကို တက်ရောက်ချင်းပင် အရင်ဆုံး အဖွင့်ကို ကျွန်တော်တို့ idol လေးတွေနဲ့ဖွင့်ပွဲအခမ်းအနားနဲ့ သက်ဆိုင်ရာ လူကြီးတွေက မိန့်ခွန်းပြောရင်း ကျွန်တော်တို့ idol တွေနဲ့ အတူ ဖဲကြိုးဖျက်ပြီး အခမ်းအနားကို စတင်ခဲ့သည်.. အချိန်ကတော့ ညနေနှောင်းပိုင်း ၆နာရီ ဖြစ်ချေပြီ..

ဖဲကြိုးဖျက်ဖို့ စင်ပေါ်ကို EXOTICS member တွေ ရပ်နေစဉ် ကျွန်တော် အတိုင်းမသိကို ကြည်နူးမိသည်...  အစက ဒီအလုပ်ကို ကျွန်တော့် ဆုံးဖြတ်ချက်မပါပဲ လုပ်ခဲ့ရပေမဲ့ အချိန်ကြာလာတဲ့အခါ စိတ်ဝင်စားလာသည်.  ကိုယ်ပျိုးထောင်လိုက်တဲ့ ကြယ်ပွင့်လေးတွေက ကောင်းကင်ပေါ်မှာ တလက်လက် တောက်ပနေရင် ပီတိဖြစ်မိသည်..

ကျွန်တော်ဒီအလုပ် လုပ်ရတာ ကံကောင်းသည်ဟုထင်မိပါသည်.. နောက်ပြီး ကျွန်တော် အချစ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်..

" မင်းတို့တွေ အရမ်း Smart ကျတာပဲ သိလား "

" ကိုယ့်ကိုယ်ကိုယ် သိပါတယ် "

" ကျွန်တော်တို့က ဘယ်သူတွေမို့လို့လဲ "

" EXOTICS လေ ... EXOTICS "

တစ်ယောက်တစ်ပေါက် ထွက်လာသော စကားသံတွေကိုကြည့်ပြီး ကျွန်တော် သူတို့ကို ချီးကျူးလို့မရပါလားလို့ အတွေး ၀င်မိသည်.. 

Hotel က ကိုရီးယား ရိုးရာ စတိုင်လ် ဖြစ်တာကြောင့် ကိုရီးယား ရိုးရာပုံစံအတိုင်း ပြင်ဆင်ထားသည်.. ဒီ ဟိုတယ်ကို လာရင် ခေတ်ဟောင်း ကိုရီးယား အငွေ့သက်တွေ ခံစားရစေသည်..

ဧည့်ခံတဲ့ အစားအသောက်တွေက ဘူဖေး မို့လို့ ကိုယ်စားချင်တာတွေရွေး.. ဗြတ်စောင်းကို တီးပြီး ဖျော်ဖြေနေတော့ အသံငြိမ့်ငြိမ့်ညောင်းညောင်းလေး နဲ့ စားသောက်နေရတဲ့ ခံစားချက်က အလွန်ပြောင်မြောက်လှသည်..

Perhaps Strange { My Little Mini Story} Where stories live. Discover now