My Little (III)

274 47 16
                                    

[ Zawgyi Version ]

My Little - ( III )

" မင်ဆော့ဂီ "

MinSeokkie ?? MinSeok ဆိုတာ Junnie  ရဲ့ အမျိုးလေ..  Junnie တီလေး ရဲ့ သား Junnie နဲ့ ညီအစ်ကို တော်တယ်ရယ်..

MinSeok က ၃နှစ် ... Junnie ထက် ၁နှစ်ကြီးတယ် ..  ဒါပေမဲ့ Junnie MinSeok ကို hyung လို့ မခေါ်ပါ .. ဘာလို့လဲဆို သူကိုယ်တိုင်က မခေါ်ခိုင်းတာလေ..  MinSeok က တအားငယ်ချင်တာရယ် ..

အခုလည်း အိုမားက စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် အိုမား ညီမ Junnie တီလေးဆီ အမြဲ လာလည်နေကြလေ..

အဲ့တော့ အခု Junnie က MinSeok တို့ အိမ်ကို ရောက်နေတာပေါ့ ..

ဒီလိုအချိန်ဆို Junnie က MinSeok ရဲ့ မုန့်တွေ ကစားစရာ စရာတွေကို အတူ မျှဝေ နေကြ...

" မင်ဆော့ဂီ ဒီမုန့်လေး Junnie ကို ကျွေးနော်"

MinSeok ရဲ့ လက်ထဲက pepero လေးကို လက်ညှိုးထိုးလိုက်သည်..

" မင်ဆော့ဂီ ဒါလေး Junnie ကို ပေးနော် "

ကစားစရာ အပုံလေးထဲက သူမျက်စိကျနေတဲ့ စက်ရုပ်လေးကို ရည်ညွှန်းလိုက်သည်..

" မင်ဆော့ဂီ ဒါလေးနဲ့ ပေးကစားနော် "

MinSeok လေး လက်ထဲတွင် ကိုင်ထားသည့် ကားရုပ်လေး ၂ရုပ်ကို ဆိုလိုပြီး MinSeok ဆီက လုယူလိုက်သည်...

သူ့ဆီက အတင်းယူခံလိုက်ရတဲ့ ကားရုပ်လေးကို တလှည့်..  ထိုကားရုပ်လေးကို ကိုင်ထားတဲ့ Junnie ကိုတလှည့် Minseok ကြည့်နေသည် ..

" ဘု ဘူ ဘူး ဗရွန်း ဗရွန်း "

ကား၂စီးကို ကိုင်ကာ သူ့ကို နောက်ကျောပေး လှည့်ကစားနေတဲ့ Junnie ရဲ့ တုတ်လုံးလုံး ကျောပြင်လေးကို MinSeok တွေတွေလေး တချက်ကြည့်ပြီး ... Junnie နဲ့ ဆန့်ကျင်ဘက် အရပ်ကို မျက်နှာမူကာ ဟိုတနေ့ကမှ MinSeok မေမေ ဝယ်ပေးတဲ့ ရောင်စုံခဲတံကို ထုတ်ကာ စာရွက်ပြင်ပေါ် ရေးဆွဲနေလိုက်သည်..
.
.
.

" မင်ဆော့ဂီ ဘာတွေလုပ်နေတာလဲ "

" စာရေးနေတာ "

MinSeok ဘာများလုပ်နေသလဲလို့ Junnie လေး စပ်စုကြည့်လိုက်တော့ စာရွက်ဖြူလေးပေါ်မှာ ရေးထားတဲ့ ခပ်စောင်းစောင်း တွန့်ကောက်ကောက် အေ ဘီ စီ ဒီ တွေ..

Perhaps Strange { My Little Mini Story} Where stories live. Discover now