One Of These Night 7월7일

491 73 10
                                    

[ Zawgyi Version ]

Chapter 4 - One Of These Night 7월 7일

(Side Of Jun Myeon)

** Mcountdown မှာ YiXing Ge က ဘာလို့ JunMyeon Oppa နဲ့ အတူ တွဲရိုက်တာလဲ **

** အား!!!!!  My JunXing **

** JunXing is real **

** အသေသတ်နေကြတာ များလား **

** YiXing လေးရေ..  JunMyeon နားက နည်းနည်းခွာပါဦး **

** မန်နေဂျာ ကြီးက ရှက်နေတဲ့ ပုံကြီးကွာ **

** !!!!!! **

** ???? **

** #### **

** %%%% **

အစရှိသဖြင့်သော comment တွေကြည့်ပြီး ပြုံးမိပေမဲ့ သိပ်တော့ မသက်သာလှ..

Fan တွေ ပြောတာလည်း ဟုတ်တာပဲ အချိန်တိုင်း အတူတူ ရှိနေတဲ့ ကျွန်တော်တို့၂ယောက်ကို ချစ်ခင်ပေးကြပြီး ကျွန်တော်တို့ရဲ့ နာမည်အစလေးတွေ ကို ပေါင်းပြီး အတွဲနာမည်လေးတွေ ပေးလေ့ရှိကြသည်...

အဲ့ဒါလေးတွေ မြင်တော့ အမှန်တိုင်းပြောရရင် အစကတော့ ရှက်တာပေါ့.. အခုထိလည်း ရှက်နေပါသေးသည် သူ့ကိုမြင်တာနဲ့ စိတ်တွေရော ရင်တွေပါ ခုန်လာရော..

အဲ..  သို့သော် ကျွန်တော် အားမငယ်ပါလေ ကျွန်တော်တို့နဲ့ အတူ ChanYeol နဲ့ BaekHyun ပါ အတွဲခံရသည်ကိုး.. Fan တွေကတော့ သူတို့ကို ဘာကြည့်ပြီး တွဲပေးလဲတော့မသိဘူး...  ကျွန်တော်တော့ သူတို့ ရန်ဖြစ်တာကိုပဲ အမြဲ တွေ့နေရသည်.. ဒါတောင် စနေ၊ တနင်္ဂနွေ ပဲ တွေ့ရပေလို့ နေ့တိုင်း သာဆို သူတို့ ရန်ဖြစ်နေတာကို မြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေမိမလား မသိဘူး.. ဒါပေမဲ့လည်း သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် အပေါ် သိပ်ပြီး ဂရုစိုက်လွန်းသည်ကိုတော့ ကျွန်တော် လက်ခံပါသည်..

သိုပေမဲ့ YiXing နဲ့ ကျွန်တော်ကို ဒီလိုမျိုး လုပ်ထားတာကို ကျွန်တော် မကြိုက်ချင်ပါ.. အဖွဲ့တွေတိုင်းမှာ idol couple ဆိုတာရှိပေမဲ့ ကျွန်တော်က idol တစ်ယောက်မှ မဟုတ်ပဲ... Manager နဲ့ idol ဖြစ်တော့ လူအပြော များသည်..

တစ်ခုခုဆို ဂရုစိုက်ပေး.. အနားမှာ အမြဲနေ, နေတတ်တဲ့ အကျင့်...  တစ်ခါတစ်လေ နှုတ်ခမ်းကနေ ဖွင့်ဟမလာလည်း မျက်ဝန်းကနေတစ်ဆင့် သိမြင်နေတဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှု...  ကျွန်တော်တိုရဲ့ ဆက်ဆံရေးဟာ အရင်းနှီးဆုံး အခြေအနေ မှာ ရှိနေသည်..

Perhaps Strange { My Little Mini Story} Where stories live. Discover now