My Little (IV)

308 41 30
                                    

[ Zawgyi Version ]

My Little - ( IV )

" Junnie "

" အ "

အိုမားထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကို ဘယ်ဘက်လက်မှာကိုင် ညာဘက်လက်မှာ ထီးလေးကို ကိုင်ပြီး သူနေ့တိုင်းတက်နေကျ ကလေးထိန်းကျောင်းလေးကို သွားရန် ... လမ်းတွင် သူ့နာမည်လေးကို ခေါ်သံကြားတာကြောင့် ဝေ့ဝိုက်ကြည့်လိုက်တော့ မျက်လုံးကို စူးခနဲ ဝင်လာတဲ့ အလင်းရောင်တွေ..

ဘာတွေများလဲ ... ???

" Fan Fan ?? "

" ဟုတ်တယ် Junnie ရ.. "

" ……… "

" Junnie ရာ ... အဲ့လောက်ထိ မကြည့်ပါနဲ့ ... ငါ့ကို ငါတောင် ရှက်ချင်လာပြီ ... ငါ့ကိုယ်ငါ လန်းနေတာ သိပါတယ်ကွာ...  "

" ဒါတွေက ?? "

" မိုက်တယ် ဟုတ် ... မင်းအားကျနေပြီ မဟုတ်လား "

" ဟင် "

Yi Fan ရဲ့ အဖြေအဆံုးမှာ Junnie ကြက်သီးတွေ တဖြန်းဖြန်း ထသွားသည...

" Junnie ရာ မကြည့်ပါနဲ့တော့ဆို "

ပြောလည်းပြော Yi Fan မျက်နှာက ဟိုးဘက်ကို လှည့်သွားပြီး မျက်လုံးကြီး မှိတ်ပြီး ပြီတီတီဖြစ်နေသည်..

မဟုတ်မှလွဲရော Fan Fan ရှက်နေတာလား.. !!!

" Fan Fan မင်း လည်ပင်းက ပရိတ်ကြိုးကြီးတွေက ဘယ် ဘုရားကရတာလဲ "

" ဘာ !!! Kim Jun Myeon ဘာကို ပရိတ်ကြိုးလဲ ... ဒါ ရွှေဆွဲကြိုးတွေကွ ရွှေဆွဲကြိုး ... ဘယ်ဘုရားကမှ ရတာမဟုတ်ဘူး .. မနေ့က ပွဲဈေးမှာ မားဝယ်ပေးထားတဲ့ အသစ်ချွတ်ချွတ် ရွှေဆွဲကြိုးတွေ ... တစ်ကုံး ၅၀၀ တောင်ပေးရတာ...  ပေါပေါပဲပဲ မဟုတ်ဘူး "

" အော် ... အင်းပါ .. ငါက မသိလို့ ဟာကို "

" မသိရင်လည်း လျှောက်မပြောနဲ့ Junnie ... ငါနဲ့ ပေါင်းတဲ့ မင်းက တုံးနေတယ်လို့ လူတွေထင်ရင် ငါ Wu Yi Fan သိက္ခာကျတယ် Ok!! you know?? "

ကိုယ်က သူ့ကို သိပ်ပြီးတော့ မဆန့်ကျင်ရဲ .. ဘာလို့ဆို သူက ဒေါသထွက်ပြီး ဝူးဝူးဝါးဝါး နဲ့ လုပ်ချင်တာလုပ်လိုက်ရင် လူတွေက Junnie ကို အရူးသူငယ်ချင်းလို့ ပြောမှာစိုးတာကြောင့် ရယ်ပါ..

Perhaps Strange { My Little Mini Story} Where stories live. Discover now