Be Well

350 63 7
                                    

[ Zawgyi Version ]

Chapter 9 - Be Well

(Side Of YiXing)

" oppa ကျွန်မ ရည်းစားထား တော့မယ် "

" ဘယ်လို "

" ကျွန်မ လည်း အရွယ်ရောက် နေပြီပဲ ရည်းစား ထားသင့်နေပြီ မဟုတ်ဘူးလား "

" မရွဲ့နဲ့ Byun Soo.. "

" ကျွန်မ ပြောတဲ့ပုံက ရွဲ့နေတဲ့ ပုံပေါ်လို့လား "

" လောကကြီးမှာ Zhang Yi Xing
တစ်ယောက်ထဲကိုပဲ ယောက်ျားလို့ ထင်နေတဲ့သူက ဘာကို ရည်းစားထားမှာ လဲ "

" အဲ့တာက အရင်တုန်းက Byun Soo လေ "

" Soo.. Soo ခံစားနေရတာတွေကို အစ်ကို နားလည်တယ်.. ဒါပေမဲ့ အခု နည်းလမ်းနဲ့ ဖြေရှင်းရမှာ မဟုတ်ဘူးလေ "

" oppa က ဘာသိလို့လဲ.. ကျွန်မ ခံစားနေရတာ ကို ဘယ်လောက်ထိတောင် သိမှာမို့လို့ လာပြောနေတာလဲ ... ကျွန်မ အဆင်ပြေမယ် ထင်လို့ လုပ်တာပဲ ဘာလို့ လာတားနေရတာလဲ "

" ဒါပေမဲ့ လမ်းမှားနေတယ်လေ "

" သူတောင် ကျွန်မ ကို ပစ်ပြီး နောက်တစ်ယောက်ကို ထားနိုင်သေးတာပဲ.. ကျွန်မ ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ "

" တစ်ယောက်က သစ္စာဖောက်လို့ နောက်တစ်ယောက်က ပါ လိုက်ပြီး သစ္စာဖောက် ချင်နေတာလား "

" ဟင့်အင်း ကျွန်မ သူ့ကို သစ္စာဖောက်တာမဟုတ်ဘူး.. ကျွန်မ နှလုံးသားကို သူမမြင်အောင် ဖုန်းကွယ်ထားချင်ရုံ သက်သက်ပဲ .. ကျွန်မ သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး.. ကျွန်မ နှလုံးသားကလည်း သစ္စာဖောက်မှာ မဟုတ်ဘူး "

" သူကတော့ မင်းကို ထားသွားတယ်လေ "

" ဒါပေမဲ့ ကျွန်မကတော့ သစ္စာရှိနေရင် ရတာပဲ "

" တစ်ယောက်တည်း သစ္စာရှိနေရုံနဲ့ ဘာသွားလုပ်ရမှာလဲ.. မင်းဆီပြန်လာမယ် ထင်လို့လား "

" သိလား oppa... ၂ဦး၂ဖက် လုံး ချစ်နေမှာ အချစ်ဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး.. ၁ယောက်တည်း ချစ်နေရရင်လည်း ဒါဟာ အချစ်ပဲ "

Perhaps Strange { My Little Mini Story} Where stories live. Discover now