Go

389 52 14
                                    

[ Zawgyi Version ]

Chapter 10 - Go

ကျွန်မတို့ အခုရိုက်နေတဲ့ ဇာတ်ကားကလည်း ပြီးပြီ ဆိုတော့ နောက်ထပ် ထပ်တွေ့စရာ အကြောင်းမရှိတော့ဘူး..

ဒါ့အပြင် ဒီအတောအတွင်း ကျွန်မ နားလည်လိုက်တဲ့ အရာတစ်ခုက ကျွန်မ မျှော်လင့်ထားတဲ့ အခြေအနေတွေ ထပ်မဖြစ်လာနိုင်ဘူးဆိုတာပဲ..

ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတောင် မျှော်လင့်နေတုန်းပဲ..
ကျွန်မတို့လို လူသားတွေက တော်တော် အစွဲအလမ်း ကြီးကြတာပဲကိုး...

လူတိုင်းက ကိုယ်ယုံကြည်တဲ့ အရာတွေကို မစွန့်လွှတ်ချင်ကြတာက ယေဘုယျ အမှန်တွေပင်.. ဒါကြောင့် ကျွန်မလည်း ကျွန်မ ယုံကြည်ရာကို လမ်းကို ဆက်လက် လျှောက်လှမ်းချင်တယ်..

စူးငြောင့်တွေ များပြီး ထိခိုက်ဒဏ်ရာတွေ မတရား ရမယ်ဆိုတာ သိနားလည်ပေမဲ့လည်း အနာကျင်ခံပြီး ဆက်လျှောက်ချင်တယ်..

ပန်းတိုင်က ဘယ်ဆီမှာလဲမသိ.. အဆုံးသတ်က ဘယ်နေရာထိလဲ ဆိုတာကို မသိပဲ လျှောက်မြဲတိုင်း လျှောက်နေခဲ့တာ တခါတလေကျရင်လည်း ပျော်ရွှင်ရသလို တခါတလေ ကျရင်လည်း ဝမ်းနည်းရပြန်ရော..

ဦးတည်ချက် မရှိပဲ သွားလာနေရတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး... ကျွန်မတို့ လျှောက်လှမ်းနေတဲ့ လမ်းတွင် ဦးတည်ချက်ရှိသည် .. ဒါပေမဲ့ ထို ဦးတည်ချက်ဟာ တဖြည်းဖြည်းနဲ့ နီးကပ်မလာပဲ ဝေးကွာလို့နေလေသည်..

ဒါပေမဲ့ ကျွန်မဆုံးဖြတ်ချက် တစ်ခုကို ချရတော့မယ်

** တူ ** တူ ** တူ ** တူ **

" hello "

" hello ... hyung အားလား "

" အင်း... ဘာဖြစ်လို့လဲ "

" ဒါဆို တွေ့ရအောင်ရယ်... (000) ကို လာခဲ့နော် "

" OK.. ခဏနေ တွေ့မယ် "

" ဟုတ်ကဲ့ "
.
.

" eehh.. အေးလိုက်တာ "

" လာပြီလား oppa "

" အမယ်.. ဘယ်လိုဖြစ်ပြီး oppa လဲ "

" ဒီနေ့ တစ်ရက်တော့ oppa ရဲ့ ညီမ တစ်ယောက်အနေနဲ့ နေမယ်.. "

Perhaps Strange { My Little Mini Story} Where stories live. Discover now