My Little (VII)

330 26 8
                                    

[ Zawgyi Version ]

My Little - ( VII )

ဒီနေ့ဟာ Jun Myeon တို့ကျောင်းရဲ့ ဆုပေးပွဲ နေ့ဖြစ်သည်...

မူကြိုကျောင်းဆိုပေမဲ့လည်း ဆုပေးပွဲတော့ ရှိပါသည်...

အဲ့ဒါကြောင့် ဘွဲ့ဝတ်စုံလေးကို ဝတ်ထားတဲ့ Jun Myeon ဟာ မှန်ရှေ့တွင် ရှိနေပါသည်လေ..

အခါကြီးရက်ကြီး ဖြစ်တာကြောင့် Jun Myeon တို့ ပြင်လို့ဆင်လို့ မပြီးနိုင်တော့ပါ ..

Jun Myeon တို့က ချောပြီးသား ဖြစ်တာကြောင့် အရမ်းကြီး ပြင်ဆင်စရာ မလိုပါဘူး ဒါပေမဲ့လည်း ခန့်နေအောင်တော့ နေရမှာပေါ့ ...

" ကင်ဂျွန်မြောင် မပြီးတော့ဘူးလား "

မှန်ရှေ့တွင် ဖင်တစ်လှည့် ခေါင်းတစ်လှည့် လှည့်ပတ်ကြည့်နေတဲ့ Jun Myeon လေး သူ့အမေ ဆော်သြသံကြောင့် တုန့်ခနဲရပ်သွားသည်..

" ဟုတ်ကဲ့ အိုမား လာပြီ "

စူးခနဲ အသံလေးထွက်ကာ အိမ်အောက်ထပ်ကို ဒုန်းဒုန်းဒိုင်းဒိုင်း ဖြင့်ဆင်းသွားသည်..

မြန်မြန်ဆင်းမှပါပဲလေ .. မဟုတ်ရင် ပူလုံးလေး စောင့်နေရလို့ ငြိုငြင်နေပါဦးမယ်လေ..

သည်အတွေးတွေကို မွေးမိခင် သိရတော့ မွေးရကျိုးနပ်လှချည်လား လို့ ပြောမည်ဟာ ဗေဒင်သွားမေးစရာမလို မှန်ပေလိမ့်မယ် ..

" ချန်ယော ?? "

" ဟင် !! Junnie "

" ဘာလုပ်နေတာလဲ .. အထဲမဝင်ဘူးလား..  "

မူကြိုဟာ အရှေ့တွင် အလုံးလိုက်အထည်လိုက် မားမားကြီး ရှိနေပေမဲ့ မူကြိုရှေ့တွင် ဟိုချောင်းသည်ချောင်းနဲ့ အထဲမဝင်ပဲ သူခိုးချောင်း ချောင်းနေသည်လေ..

" ဟို ... ငါ .. ဟိုဟာ ... "

" ဘာလို့တုန်း ?? "

" ငါ ဘတ်ဟျွန်း ရှိ မရှိချောင်းနေတာ "

" ဟွန် .. "

အကောင်ကြီးက ကြီးတဲ့ Chanyeol က Baekhyun လို လူကောင်သေးသေးလေးကို ကြောက်နေရလို့ Junnie မှာ အကြံတစ်ခု ပေါ်လာသည်..

" ဟာ !!! ဘတ်ဟျွန်း "

Chanyeol ရဲ့ အနောက်ကို ကြည့်ကာ လက်ပြပြီး Baekhyun လို့ခေါ်လိုက်တာကြောင့် Chanyeol မှာ အနောက်ကို လှည့်မကြည့်ပဲ တကျိုးတည်း မူကြိုခန်းထဲ ရောက်သွားပါသည်..

Perhaps Strange { My Little Mini Story} Where stories live. Discover now