( ၁ )

11K 508 11
                                    

uni;

အချစ်​ဆိုတာ . . .
သူဘတ်​စကတ်​​ဘောကစားလို့​ ချွေးထွက်​​နေတာကိုတောင်ကြည်​ကြည်နူးနူးနဲ့ကြည့်ချင်​​နေမိတာမျိုး။

-----------

​ဒူးခေါင်းပေါ်​ထောက်​ထားရုံသာမက
ထိုလက်​သွယ်​သွယ်​​လေးနှင့် ​မေးချွန်​ချွန်​​လေးကိုပါ ပင့်တင်​၍​ထောက်​လိုက်​မိရင်း ဘောလုံးကိုစည်းချက်​မှန်​မှန်​ပုတ်​​နေတဲ့ ​ချွေး​တွေစိုရွှဲ​နေတဲ့​စီနီယာမမတစ်​​ယောက်​အား အပီအပြင်​​ငေး​နေမိသည်​။ မမလို့ခေါ်သင့်ရဲ့လားဆိုတာ မြူလွှာ​ဝေခွဲလို့မရ၊ အစိမ်းရောင်​ဆိုးထားတဲ့ဆံပင်​ခပ်​တိုတိုနဲ့ ထိုဖြူနုနုတစ်ယောက်က ယောက်ျားလေးတစ်​​ယောက်​လိုဖြစ်​​နေတာကြောင့်​ ကိုကိုလို့​​ပြောင်းခေါ်တာ ပိုသင့်တော်​မည်​ဟုထင်​သည်​။

ဟိ.....အဲ့လို​ခေါ်ရင်​ကိုကိုကကြိုက်​ပါ့မလား။
ဆံပင်​အတိုကိုအစွယ်​အစွယ်​​လေး​တွေလုပ်​ထားတာက
Animeထဲကဇာတ်​​ကောင်​လိုလိုဘာလိုလိုနဲ့တောင် ခပ်ဆင်ဆင်တူနေပါသေးသည်။ 

" မြူလွှာ....ဝင်​မ​ဆော့ချင်​ဘူးလား "

သူငယ်ချင်းမ​လေးဝတ်​မှုန်​ရဲ့အ​မေးစကား​ကြောင့်
မေးထောက်ထားရင်းက​နေပဲ  ခေါင်းကိုခါပြလိုက်​သည်​။
ဝတ်​မှုန်​ကဒီ​နေ့ Training လုပ်​ရမည်​.. သူမတစ်​​ယောက်​တည်းဖြစ်​​နေလို့လိုက်​ခဲ့ပါလားလို့​ခေါ်​တော့ BFFကြီးရဲ့စကားကိုမပယ်​ရှားနိုင်​စွာ မြူလွှာပါအတန်းချိန်​ဖျက်​၍ လိုက်​လာခဲ့ခြင်းဖြစ်​သည်​။ အခု​တော့ .. အဲ့လိုလိုက်​လာမိတာက မြူလွှာအတွက်​ ကံ​ကောင်းသွားတယ်​လို့​ပြောလို့ရ​နေသည်​​လေ။

" မိမြူရယ်​..မျက်​လုံးကြီးလည်း ကျွတ်​ထွက်​သွားပါဦးမယ်​ "

​ကွင်းပတ်​​ပြေးရမှာကို မ​ပြေးဘဲ သူ့​ရှေ့တွင်​ရပ်​ပြီးလာစ​နေတဲ့ ဝတ်​မှုံကို မြူလွှာ မျက်​​စောင်းကြီးကြီးပိတ်​ထိုးလိုက်​သည်​။ အဲ့ဝတ်​မှုံကွယ်​​နေလို့ ဟိုစီစီရဲ့ကစား​နေတဲ့ပုံကိုမမြင်​ရ​တော့ဘူး​လေ။
( P.s. စီစီ = စီနီယာ )

Love is ...Where stories live. Discover now