( ၆ )

3.6K 376 8
                                    

uni;

'အချစ်​' ဆိုတာ ...
သူ့ဆီမှာ အနာတရဖြစ်ရင် ကိုယ့်ဆီမှာပါ
လာပြီးနာကျင်​​နေတာမျိုး။

------------

ကြာသပတေးနေ့ပေမယ့် ​ဘောလီ​ဘောပွဲရှိတယ်လို့ သတင်းကြားတာနဲ့ မြူလွှာနဲ့ဝတ်​မှုန်​နှစ်​​ယောက်​သား RCသို့ချီတက်​လာကြတယ်​။ တကယ်​​တော့... ဒီလိုလာဖြစ်​တယ်​ဆိုတာ Tutorialမရှိလို့လည်း ပါပါတယ်။ 

ပြီးတော့ နောက်ထပ်အတွေးတစ်ခုကတော့ ကိုကိုများ ရှိလေမလားဆိုပြီးတော့ပေါ့။

" ဒါနဲ့..ဝတ်​မှုန်​ အခုငါတို့​မေဂျာနဲ့ဘာနဲ့​ဆော့မှာလဲ "

" Ecoနဲ့လို့​ပြောတာပဲ "

" ​အော်​... ဒါနဲ့ မနှစ်​က ချန်ပီယံက ဘယ်မေဂျာလဲ "

ပြိုင်ပွဲသွားကြည့်ဖို့ စတင်မြူဆွယ်တဲ့ ဝတ်မှုန်ကို လမ်းလျှောက်နေရင်းကနေ မေးကြည့်လိုက်တယ်။

" Statတဲ့၊ ငါနဲ့ခင်​တဲ့အမတစ်​​ယောက်​​ပြောတာပဲ "

​တော်​​သေးတာ​ပေါ့... အခုမြူလွှာတို့သွားကြည့်မယ့်ပွဲက Statနဲ့မဟုတ်ပဲ Ecoနဲ့ဖြစ်နေလို့။ ဒီလိုဆို သူတို့မေဂျာ နိုင်နိုင်ခြေရှိတယ်။

အားကစားရုံထဲရောက်တော့ ပွဲကြည့်စင်ရဲ့ အရှေ့မှာဝင်ထိုင်လိုက်တယ်။ မိန်းကလေးအသင်း ယှဉ်ပြိုင်ပွဲမို့ ပွဲကြည့်ပရိသတ်က နည်းနေသေးတယ်။

" မြူလွှာ... ဟိုမှာ နင့်ကိုကိုမလား "

ဝတ်မှုန်ညွှန်ပြတဲ့ဆီကြည့်မိတော့ တကယ်ပဲ မြူလွှာရဲ့ကိုကိုဖြစ်နေလေတယ်။ အစိမ်းရောင်ဆံပင်တွေကို ငွေမြူရောင်ဟိုက်လိုက် ထပ်ဖောက်ထားတဲ့ကိုကိုက အသားလည်းဖွေးနေတာကြောင့် လူကြားထဲ ထင်းထွက်နေလေတယ်။ ကိုကိုက ဆံပင်အရောင်ဆိုးရတာ ခရေဇီဖြစ်တဲ့ပုံပင်။

သူမထင်ထားတာက ကိုကိုက basketballပဲပါသည်လို့ပေါ့။ ခုကျအဲ့လိုမဟုတ်ပဲ volleyballမှာလည်း ပါထားသေးပြန်တယ်။ အားကစားအရမ်းဝါသနာပါပုံရတဲ့ ကိုကိုပါပဲ။

" မြူလွှာ... နင်တော့ အားသာပေးတော့ ၊ နင့်လူက အသင်းခေါင်းဆောင်ထင်တယ် "

Love is ...Where stories live. Discover now