( ၃ )

4.2K 462 20
                                    

uni;

'အချစ်​' ဆိုတာ . . .
သူပြုံးလိုက်​တဲ့အပြုံးကို​​တောင်​ အရူးတစ်​​ယောက်​လိုမျိုး ကြည်​ကြည်​နူးနူးနဲ့ ကြည့်ချင်​​နေမိတာမျိုး ။

----------

အစိမ်းရောင်ဆံပင်အနည်းငယ်​ကို နဖူးကနေပင့်တင်စီးလိုက်​ရင်း အ​ရှေ့ကစာကိုအာရုံစူးစိုက်​ဖို့ ကြိုးစား​နေမိသည်​။ သို့ပေမယ့်... အာရုံ​တွေကဟို​ရောက်​ဒီ​ရောက်​နဲ့မို့ ဆရာမ​ရေး​နေတဲ့စာကိုဘယ်​လိုမှအာရုံစိုက်​လို့မရ။

မနေ့က အားကစားရုံမှာတင်​မဟုတ်​ဘဲ ကန်တင်းမှာပါ တွေ့ခဲ့ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် စူးရှဒီလိုမျိုးဖြစ်နေတာကိုသာ သူငယ်ချင်းတွေသိရင် ကျိန်းသေပေါက်ကို ဝိုင်းဟားကြပါလိမ့်မယ်။

ငရုပ်​သီးစပ်​လို့​အော်​​နေတဲ့ အဲ့​ကောင်​မ​လေးရဲ့မျက်​နှာရဲရဲ​လေးကို အခုထိမြင်​​ယောင်‌နေတုန်း။ အစပ်လည်းမစားနိုင်ပါပဲ ပရှူးထမင်းကြော် ဘာလို့မှာစားလဲဆိုတာကို စဉ်းစားလို့မရနိုင်အောင်ပဲ။

" စူးရှနိုင်​ .. စာထဲအာရုံစိုက်​​လေ "

ခပ်​ကျယ်​ကျယ်​ထွက်​လာတဲ့ ဆရာမရဲ့အသံကြောင့် အတန်းထဲကသူတော်တော်များများက ‌အနောက်မှာထိုင်နေတဲ့သူမကို လှည့်ကြည့်လာကြတယ်။ သူငယ်ချင်းတွေကလည်း ပြုံးစိစိ။ သူမမျက်နှာကရော ဘယ်လိုဖြစ်ပြီး ပြတင်းပေါက်ကိုလှည့်နေမိပါလိမ့်။

" ဟုတ်​ ဆရာမ ၊ တောင်းပန်ပါတယ် "

ဘောပင်ကိုဆက်မလှည့်တော့ပဲ ရပ်လိုက်ပြီးနောက် စာလိုက်မှတ်ဖို့ပြင်လိုက်တော့တယ်။ ထိုကောင်မလေးပုံရိပ်ကိုလည်း ခေါင်းထဲကနေ တတ်နိုင်သလောက် ထုတ်ပစ်ရတယ်။ ရင်ထဲတမျိုးတမည်ကြီးခံစားနေရတာကြောင့် ဆက်ပြီး မတွေးချင်တော့တာလည်း ပါတာပေါ့။

----------

" နင်​ဒီ​နေ့ ဘတ်​စကတ်​​ဘော မ​ဆော့ရဘူးလားဟင်​ "

​စောနကပဲ အဲ့စကားကို မြူလွှာ​မေးပြီးပြီဖြစ်​တယ်။
အခုလည်း ခုံပေါ်မှာ ခန္ဓာကိုယ်ကို လျော့တိလျော့ရဲထိုင်ပြီး ထပ်မေးလာပြန်တယ်။
ဒီတစ်​​ခေါက်​​တော့ ဝတ်​မှုန်​စိတ်​မရှည်​​တော့တာကြောင့်
အကြည့်ကပါ ခက်​ထန်​သွားတယ်။
ဒီ​မနက်နဲ့တ​င်​ဒီစကားကို​မေး​နေတာ
၁၀​ခေါက်​​လောက်​ရှိ​နေပြီ​။

Love is ...Where stories live. Discover now