( ၇ )

3.7K 344 16
                                    

uni;

'အချစ်​' ဆိုတာ ...
သူရယ်​လိုက်​ရင်​​ပေါ်လာတဲ့ ပါးချိုင့်လေးကိုကြည့်ပြီး ရင်ခုန်နေမိတာမျိုး ။

-----------

" ဘာ​စားမလဲက​လေးမ "

မခေါ်ပါနဲ့လို့ပြောထားတဲ့နာမ်စားကို ပီပီသသခေါ်ရင်း ပြုံးနေတဲ့ကိုကို့ကို မြူလွှာဘာမှမပြောချင်တော့တာကြောင့် menuကဒ်ကိုသာ လှမ်းယူလိုက်တော့တယ်။ ကိုကိုကတော့ ဖန်ခွက်တစ်ခွက်ထဲ ရေခဲထည့်ရင်း မြူလွှာ့ကိုကြည့်နေလေတယ်။

ဝတ်မှုန်ကတော့ တစ်ရှူးတစ်ရွက်ကိုယူပြီး ခုံကိုသုတ်နေတယ်။ ဒါကတော့ ဝတ်မှုန်ရဲ့အကျင့်တစ်ခုပင်။ အစားမစားခင် သူစားမယ့်နေရာကို တစ်ရှူးနဲ့သန့်ရှင်းအောင်သုတ်နေတတ်တယ်။ နည်းနည်းလေးဇီဇာကြောင်တယ်လို့ပဲပြောရမလား။

" ဘာမှာမလဲရှင့်... "

စားပွဲထိုးညီမ​လေးက​မေးလာ​တော့ မြူလွှာmenuကဒ်​ကိကိုပြန်ချလိုက်ရင်း ... ။

" ​ထောပတ်​သီး​ဖျော်​ရည်​တစ်​ခွက်​နဲ့ တရုတ်​ထမင်း​ကြော်​တစ်​ပွဲ ညီမ​လေး "

" ဟုတ်​မမ၊ ဒါနဲ့ .. ဒီကအစ်ကိုက​ကော ဘာမှာဦးမလဲမသိဘူး "

ဝတ်ထားတဲ့ဘောလီဘောဝတ်စုံနဲ့ စုံလင်လှတဲ့ဆံပင်အရောင်ကြောင့် ဆိုင်ကညီမလေးက ကိုကို့ကို ယောင်္ကျားလေးလို့ ထင်နေတာလားမသိဘူး။ ကိုကို့ကိုကြည့်တော့ အခေါ်အဝေါ်ကြောင့်ထင်ရဲ့... နှုတ်ခမ်းပါးကပြုံးယောင်သမ်းနေတယ်။

" သံပုရာ​ဖျော်​ရည်​တစ်​ခွက်​... ချဉ်​ချဉ်​​လေး ညီမလေး ၊ ပြီး​တော့... ဇလုံထမင်းသုပ်​ကို ချဉ်​​ပေါင်​​ကြော်​နဲ့နှယ်​​ပေး "

ကိုကိုမှာတဲ့​ဖျော်​ရည်​နဲ့ အစားအ​သောက်​က ​တော်​​တော်​​လေးချဉ်​မှာပဲလို့ မြူလွှာ​တွေးလိုက်​မိတယ်။
ဝတ်​မှုန်​က​တော့ ထုံးစံအတိုင်း ဝက်​​ကုန်း​ဘောင်​နဲ့ထမင်းဖြူပဲမှာနေလေတယ်။

" ဆံပင်​ဘာလို့အ​ရောင်​​ထပ်ထည့်လိုက်​တာလဲ ၊ အရင်​​အ​ရောင်​နဲ့ယှဉ်ရင် အစိမ်းရောင်က နည်းနည်းမှိန်သွားသလားလို့ "

Love is ...Where stories live. Discover now