( ၂ )

4.7K 405 5
                                    

uni;

''အချစ်' ဆိုတာ . . .
ကိုယ်​မကြိုက်​တဲ့ပရှူး​ထမင်း​ကြော်​ကို​တောင်​
သူစားလို့လိုက်​စားမိတာမျိုး... ။

-----------

" ဟာ..မြူလွှာ နင်​ဘယ်​​တွေသွား​နေတာလဲ "

​အားကစားရုံရဲ့ ဘယ်​ဘက်​လမ်းက​နေ​ လမ်း​လျှောက်​သွားတဲ့ စီနီယာမမနှစ်​​ယောက်​​နောက်​ လိုက်​​နေသည့်မြူလွှာကို ဝတ်​မှုန်​စိတ်​မရှည်​စွာ​မေးလိုက်​မိသည်​။ ဒီကလေးမတော့.. ​ဗိုက်​ဆာပါတယ်​ဆိုမှ။

" ကန်​တင်းကို​လေ! "

​မအူမလည်​ပြန်​​ဖြေလာတဲ့မြူလွှာကြောင့် သက်​ပြင်းသာချလိုက်​မိသည်​။ ဒီအ​ခြေအ​နေ​ရောက်​မှ​တော့ မြူလွှာကိုအပြစ်​မတင်​ချင်​ဘဲ ကိုယ့်ကိုကိုယ်​သာအပြစ်​တင်​ချင်​သည်​။ တကယ်​ဆို.. အစတည်းက​ဘတ်​စကတ်​​လေ့ကျင့်ဖို့ မြူလွှာကို​ခေါ်ကိုမလာရမှာ။

ကန်​တင်းထဲဝင်​သွားတဲ့ စီနီယာနှစ်​​ယောက်​​ကြောင့်
ကြိတ်​၍ပင်​ဝမ်းသာသွားရသည်​။ ​နောက်​ဆုံး​တော့လည်း
ဆာ​လောင်​​နေတဲ့သူမ​ဗိုက်​​လေးကို ဖြည့်တင်းလို့ရ​တော့မည်​​ပေါ့။

" ဒီဆိုင်​မှာထိုင်​ရ​အောင်​ "

​ဘေးနားကမျက်​နှာရှုံ့တွ​နေတဲ့ဝတ်​မှုန်​ကို အသိ​ပေးသလို​ပြောလိုက်​ရင်း စီစီရဲ့မလှမ်းမကမ်းစားပွဲမှာပင်​ ဝင်​ထိုင်​လိုက်​သည်​။

စီစီက​တော့ လာတုန်းကမမနဲ့တင်​မဟုတ်​ဘဲ ​နောက်​ထပ်​သူငယ်​ချင်း​တွေနဲ့ရယ်​​မောကာ စကား​ပြော​နေသည်​။
စီစီရဲ့သူငယ်​ချင်း​တွေကိုအားကျလိုက်​တာ။ စီစီတို့အဖွဲ့က
အားလုံး​ပေါင်း၆​ယောက်​ရှိသည်​။ ​ယောကျ်ား​လေး၂​ယောက်​နဲ့ စီစီအပါအဝင်​မိန်းက​လေး၄​ယောက်​၊ ​

​နေဦး... ဟိုစီနီယာအကိုကြီးနှစ်​​ယောက်​က ကြည့်ရသ​လောက်​​တော့ အတွဲဖြစ်​ဖို့များသည်​။

Ukeပုံစံအကိုကြီးက Semeပုံစံအကိုကြီးကို အ​အေး​သောက်​ဖို့ ခွက်​ကို​မြှောက်​ကိုင်​​ပေးထားသည်​။ ကြည့်ရတာ ​အ​အေး​ကောင်း​ကြောင်း​ပြော​နေသည့်ပုံစံ။ ဟိုSemeအကိုကြီးရဲ့ အကြည့်တွေကလည်း ​သေ​စေ​လောက်​တဲ့အကြည့်တွေနဲ့။

Love is ...Where stories live. Discover now