( ၉ )

3.4K 301 11
                                    

‘အချစ်’ ဆိုတာ ...
ကိုယ်သူ့ကိုဖွင့်ပြောတဲ့အချိန်
ရင်တွေတုန်နေမိတာမျိုး။

- - - - -

" ကိုကို့ကို မြူလွှာချစ်တယ် "

ဟဲ့..ပလုတ်တုတ်!!!!
မြူလွှာ ဘာထဖြစ်ပါလိမ့်။ ရုတ်တရက်ကြီးထပြောစရာလား။ ဒီလိုစကားမျိုးက အချိန်ယူပြီးပြောရမှာကို။

ပြီးတော့ အခုသူတို့ရောက်နေတဲ့နေရာက ပြောလို့ကောင်းလှတဲ့နေရာမျိုးလည်းမဟုတ်။ ထမင်းလုတ်ကိုပါးစပ်ထဲမသွင်းပဲရပ်တန့်နေတဲ့ အမစူးရှရဲ့ပုံစံကလည်း လုံးဝကိုရှော့ခ်ရသွားတဲ့ပုံစံ။ ဝတ်မှုန် စိတ်ရှုပ်လာတာနဲ့အအေးခွက်ကိုပိုက်နဲ့တောင်မသောက်နိုင်ဘဲ မော့သောက်လိုက်မိတယ်။ ပြီးတော့..နှစ်ယောက်သားအခြေအနေကို စောင့်ကြည့်နေလိုက်တယ်။

" မြူလွှာ..ကိုယ်ကလေ ... "

" ရပါတယ်၊ ကိုကို မြူလွှာ့ကို ပြန်မချစ်နိုင်ရင်လည်းရတယ်၊ မြူလွှာက မြူလွှာချစ်နေတဲ့အကြောင်းကို ကိုကို့ကိုသိစေချင်တာ "

ရော်...မိမြူတစ်ယောက်က ခက်တော့ခက်ပြီ။ ဟိုတစ်ယောက်က ဘာပြောမယ်ဆိုတာမသိဘဲ သူချည်းပဲစွတ်ပြောနေတယ်။ မြူလွှာ့လက်မောင်းကို အသာပုတ်လိုက်ရကောင်းမလားလို့စဉ်းစားနေတုန်းမှာပဲ စကားသံကထပ်ထွက်လာတယ်။

" မြူလွှာသွားတော့မယ် "

" ခဏ..မြူလွှာ ။ ခဏထိုင်ပါဦး "

မြူလွှာ့ကို လက်ကနေဆွဲပြီးပြန်ထိုင်ခိုင်းပြီးတဲ့အထိ စူးရှဘာပြန်ပြောရမလဲဆိုတာ စဉ်းစားလို့မရသေး။ မြူလွှာ့ကိုကြည့်တော့လည်း ပါပီမျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ကိုကြည့်နေလေတယ်။

မြူလွှာက အခု အဲ့ဒီချစ်စရာအကြည့်မျိုးတွေနဲ့ သူ့ကိုမြူဆွယ်နေတာများလား။

" မြူလွှာ့ကို ကိုယ်ဘယ်လိုသဘောထားလဲဆိုတာ ကိုယ်ကိုကိုယ်တောင်မသိဘူးရယ် "

ဒါကသူ့ကိုယ်သူစဉ်းစားလို့ရတဲ့ အရိုးရှင်းဆုံးအဖြေပဲ။ မြူလွှာ့အပေါ်ရှိနေတဲ့ သူ့ရဲ့စိတ်ကို သူသေချာဝေဖန်ပိုင်းခြားလို့မရသေးဘူး။ သူကလူတစ်ယောက်ကို ပြီးစလွယ်တွဲတတ်တဲ့သူမျိုးမဟုတ်တာကြောင့် အချိန်ယူပြီးဆန်းစစ်ချင်သေးတာအမှန်ပဲ။ အခု မြူလွှာ့ရဲ့ဝန်ခံစကားက စူးရှရဲ့စိတ်ကို လုံးဝရှုပ်ထွေးသွားစေတယ်။

Love is ...Where stories live. Discover now