Episode - 1

475 12 0
                                    


မျက်ဝန်း တစ်ခု၏ စကားသံ
…………………………

အပိုင်း - ၁

                                 အချစ်ဆိုတာ ငါ့အတွက် အိပ်မက်လား။ဆက်ဆုပ် ဖွယ် ကောင်းတဲ့ အကြည့် မျက်ဝန်း တစ်ချို့ကို ငါကအချစ်လို့  သတ်မှတ်ရမှာလား။ငါသူ့ကိုသိပ်မုန်းတယ်။သတ်ပစ်ချင်လောက်အောင် မုန်းတယ်။ မတရား အနိုင်ယူခဲ့တဲ့ ငါ့ မာန တွေကို ငါ သိပ်နှမျှောတယ်။ ငါ့ကို အနိုင်ယူသွားတဲ့ သူ့ ကိုငါ သတ်ပစ် ချင်တယ်။ ငါကယို တိုင်လည်း သူနဲ့ ပတ်သက် လာရင် သေချင်မိတယ်။ငါ့ဘဝတစ်ခုလုံးကိုမျက်ဝန်း တစ်ချို့နဲ့ အနိုင် ယူနေတဲ့ သူ့ ကို ငါသိပ်မုန်းတယ်။ငါ့ ဘဝက အသူ့ အကြည့်အောက် မှာ သေဆုံးခဲ့ရတဲ့ အတွက်လည်း ငါနောင်တ ရတယ်။ ငါလေ မင်း နဲ့ ပတ်သတ်လာရင် ပြောနိုင် တာ တစ်ခု ပဲ ရှိတယ် ။ အဲဒါကတော့ ငါမင်းကို သတ်ပစ် ချင်လောက် အောင် မုန်းတယ် ဆိုတာပဲ……………………………။

………………………………

"မင်း တို့  ကလည်းကွာ…လာမယ်လာမယ် နဲ့ အခုမှပဲပေါ်
လာကြတော့တယ်"
  
                                 အပြုံးမျက်နှာ နှင့် ဆီးကြိုနေတဲ့ သူ့ ကိုမြင်သည်နှင့် သူတို့ နှစ်ယောက်ပြန်ပြုံးပြကာခြံတံခါးအနားသို့လျှောက်လှမ်းလာပါသည်။

"ဟာ……မင်းကလည်း ငါ တို့  လည်း လာတာပဲလေ"
"တော်ပါဟေ…မင်းမြတ်ရာ……ကြွေက သက်သက်ကို ဂျီ
ကျချင်နေတာ"

                                မင်းမြတ် နှင့် ရွှေရီ တို့ ပြောလိုက်တော့ကြွေမခို့တယို့လေးပြုံးလိုက်သည်။

"ဂျီကျတာ မဟုတ်ပါဘူး…ရွှေရီ ရာ…ငါက အိမ်မှာ တစ်
ယောက်တည်း ဖြစ်နေလို့ ပါဟ"
"ဟင် …အန်ကယ် တို့ က ဘယ်သွားကြတုန်း"
"ဖေဖေ နဲ့ မေမေ က ဒီနေ့  ရုံးပိတ်ရက်မို့  ဘုရား သွားကြ
တယ် ။ အခု အိမ်မှာ ငါတစ်ယောက်တည်း။ ဒါကြောင့် နင်
တို့ နှစ်ယောက်ကို လှမ်းခေါ်လိုက်တာ"

                                ကြွေ စကားကို မင်းမြတ်နှင့် ရွှေရီ တို့ နားထောင်လိုက်ပြီး မင်းမြတ်က ကြွေ ကို စနောက် သလို စကာပလိမ် ခံကာ ပြောတော့သည်။

မျက်ဝန်းတစ်ခုရဲ့ စကားသံ Where stories live. Discover now