Episode - 3

72 7 0
                                    

မျက်ဝန်း တစ်ခု၏ စကားသံ
…………………………

အပိုင်း - ၃>>

"  ငါ  မှားခဲ့တဲ့ ကိစ္စ အတွက် လာတောင်းပန်တာ ကြွေ "

                            
                          Yသည်ကြွေ့ကိုတောင်းပန်စကား ဆိုပြီးY ယူဆောင် လာသည့် နှင်းဆီ ပန်းစည်း အဖြူလေးကို ကြွေကို ကမ်းပေးသည်။ ကြွေ လည်း Y ပေးနေသည့် ပန်းစည်းကို ခဏတာ အကြည့် တစ်ချက် နှင့် ကြည့်ကာ Y ကို ငေးကြည့်လိုက်ပါသည်။ ကြွေ နှုတ်မှ လည်း မေ့ပြုံးပြုံး အပြုံးတစ်ချက်နှင့် Y ကို ကြည့်ကာ ပြောပါသည်။

" မင်းလို အောက်တန်း ကျတဲ့ လုပ်ရပ်ကို ငါက အလျှော့
ပေးလိုက်ရရင် ငါသိပ် မှားမှာပေါ့ Y ။ မင်း ငါ့ဆီက ခွင့်လွှတ်
တယ် ဆိုတဲ့ စကားကိုကြားရဖို့  အတွက် မင်း ၁၀ သက် ထိုင်ပြီးဆု တောင်းလိုက်ဦး "

                               ကြွေ့ရဲ့ စကား ကို ကြားသည်နှင့် Y အပြုံးပျက်သွားသည် ။ ကြွေ Y ကို အမုန်း မျက်လုံး တစ်စုံ နှင့် စောင်းကြည့် နေသည် ကို Y မြင်သည်နှင့် Y ရဲ့ အပြုံးကို ပြန်စတင်လိုက်ပါသည်။

"ငါဆိုတဲ့ လူကလည်း ဘယ်သူ့  တစ်ယောက် ဆီမှာမှ ဒူး
ထောက် ခဲ့တာ မရှိပါဘူး။ အေ မင်းတစ်ခု သိထားဖို့ က မင်း
ရဲ့ မာန ၊ မင်းရဲ့ အတ္တ ၊ မင်းရဲ့ အမုန်း တွေက တစ်နေ့  ကျရင် ငါ့ရှေ့ မှောက် ဒူးထောက် အရှုံးပေးပြီး မင်းကိုယ်တိုင်ခ
စားစေရမယ် ကြွေ "

                     
                               အမိန့် ဆန်ဆန် ပြောဆိုလာသည့် Y စကားကို ကြွေ ကြားသည်နှင့် ကြွေ ထိုနေရာ၌ပင် ယိုင်လဲချင်သလို ခေါင်းတွေ မူးနောက် လာခဲ့သည်။ Y စကား တစ်ခွန်းက ကြွေ့ နှလုံးသားကို ကိုင်လှုပ်စေခဲ့သည်။ ထိုစကားကြောင့်ပင် ကြွေ Y ကို ပို၍ပင် မုန်းလာခဲ့သည်။ ကြွေ သည်Y  နှင့် ဆက်ပြီး ရင်မဆိုင် ချင်တော့ သဖြင့် Y ကိုင်ဆောင်ထားသည့် နှင်းဆီ ပန်းစည်း အဖြူကို အမြန်ယူကာ Y လည်ပင်းကို ရိုက်လိုက်ပါသည်။

မျက်ဝန်းတစ်ခုရဲ့ စကားသံ Where stories live. Discover now