မျက်ဝန်းတစ်ခုရဲ့ စကားသံ
…………………………………………အပိုင်း - ၎
"သူဌေးလေး ဆက်ခိုင်းတဲ့ အတိုင်း ကျနော် သူ့ ကို ဖုန်းဆက်ပြီးပါပြီ"
တည်ငြိမ်စွာ ပြုံးလာတဲ့ သူ့ အပြုံး တစ်ချက်ကို ထိုလူ ကြောက်လန့် နေဟန်ဖြင့် ခေါင်းငုံ့ထားပါသည်။
"ကဲ ဒီမှာ - ခင်ဗျားအတွက် သိန်း၅၀ "
Y လှမ်းပေးသည့် စားပွဲခုံပေါ်ကပိုက်ဆံတွေကိုသူလှမ်းမြင်သည်။ရုတ်တရတ်လှမ်းပြောလိုက်သည့်စကားကြောင့်ထိုလူမျက်ဝန်းအရောင် တောက်သွားသည်။
"ကျေး…ကျေးဇူးပါ သူဌေးလေး "
"ကျေးဇူးတင်ရမှာကနောက် -ဒီအကြောင်းအရာတွေသာ ပေါ်သွားလို့ ကတော့ ခင်ဗျား အသက်ကိုကျုပ်ကိုယ်တိုင် သတ်မှာနော် "
"စိတ်ချပါ သူဌေးလေးရာ-ကျုပ် နှုတ်က ဘယ်တော့မှ မပေါ်စေရဘူးလို့ ကျုပ်ကိုယ်တိုင် ကတိပေးပါတယ် "
"ကဲကဲ ပိုက်ဆံတွေယူပြီးသွားတော့ "
"ဟုတ်ကဲ့ သူဌေးလေး "
ပါဆယ်အိတ်အမဲလေးကိုသယ်ဆောင်ကာအခန်းငယ်လေးထဲမှထွက်သွားသည့်ထိုလူကိုYငေးကြည့်နေလိုက်ပါသည်။ထိုလူထွက်သွားပြီးတဲ့နောက် Y ဇိမ်ခံထိုင်ခုံလေးပေါ်တွင် ထိုင်ကာခပ်ပြုံးပြုံးအပြုံးတစ်ချက်နှင့် စကားပြောပါသည်။"ကြွေ…ကြွေ မင်းအခု ဘာတတ်နိုင်သေးလဲ ဟားးးးးး"
-တီတီ……တီတီ-
Y သည်အပြုံးတွေကို ခြွေလျှက်
နှိုက်ခြိုက်စွာ ရယ်လိုက်သည်။"ဟလို မာမီ "
"ဟလို သား "
"ဟုတ်ကဲ့ မာမီ အဆင်ပြေရဲ့လား "
"မာမီ အဆင်ပြေပါတယ် သားရယ် "
"Sorry မာမီ သား မာမီ ကို လိုက်မပို့ နိုင်တဲ့ အတွက် "
"မလိုပါဘူးသားလေးရဲ့သားလေးသာသားလေးအလုပ်ဆင်ပြေအောင်လုပ် ဟုတ်ပြီလား "
"သား အခု အရမ်းပျော်နေတာ မာမီ"
"အယ် သားအခုလိုအမြဲပျော်တာကိုပဲမာမီလိုလားတယ်-ကဲသားလေးမာမီ လေယာဉ် ပေါ်တက်တော့မယ်နော် -မာမီ ဟိုရောက်မှ ဖုန်းပြန်ဆက်လိုက်မယ်"
"ဟုတ်ကဲ့ မာမီ - တီ "
![](https://img.wattpad.com/cover/134284601-288-k121200.jpg)
VOUS LISEZ
မျက်ဝန်းတစ်ခုရဲ့ စကားသံ
Non-Fictionမုန်းတယ်....၊ ငါမင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်၊ ငါ့ဘဝ ငါ့အနာဂတ် ၊ ငါ့အတွေးတွေက အစ မင်းရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်း တစ်စုံနဲ့ အနိုင်ပိုင်း စေစားခဲ့တဲ့မင်းကိုငါ သိပ်မုန်းတယ် Y...! ကြွေ...၊