Episode - 6

124 8 0
                                    

မျက်ဝန်းတစ်ခုရဲ့ စကားသံ
…………………………………………
အပိုင်း ( ၆ )

  "ကြွကြပါရှင်…… ကြွပါ "

       လှိုက်လှဲ ဗျူငြှာစွာ ဖိတ်ခေါ်နေသည့် ဒေါ်ယဉ်ယဉ်
ကြွေ အသံကို ကြားတော့ Y ကြွေ့ကို ပြုံးပြရင်း Yနှင့်အတူပါ
လာသည့် ရှေ့နေ ကို လက်ပြထိုင်ခိုင်းရင်း ဝင်ထိုင်လိုက်သည်။
Y ထိုင်သည်နှင့် ဆိုဖါ ခုံပေါ်သို့  ဒေါ်ယဉ်ယဉ်ကြွေ နှင့်ဦး
ကေါင်းထိုက် တို့ လည်း ဝင်ထိုင်သည်။ မတ်တတ်ရပ်နေဆဲဖြစ်
သည့် ကြွေ့ကို မေမေ ထိုင်ခိုင်းသည်နှင့် ကြွေလည်း ဝင်ထိုင်
ကာ စကားစမြည်း ဆက်ဆိုပါတော့သည်။

"ကဲ အားလုံးလည်း အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ အလုပ်ကိစ္စ
ကို စလိုက်ကြရအောင် "

         ပြောရင်းဆိုရင်း ရှေ့နေသည် လက်ဆွဲ အိတ်​မှ
စာရွက်စာတမ်း တစ်ချို့ ကို ထုတ်ယူလိုက်သည်။

"ကဲ … ဒီက မောင်ရင် … အခု ဒီစာချုပ်မှာတော့ ဟောဒီက
မောင်ရင် ဝိုင် ရဲ့ ဆန္ဒ တွေ အကုန်လုံးထည့်ရေးပေးထားတယ်
မောင်ရင့် ဘက်က သဘောတူ မတူ ကို စစ်ဆေးဦး "

           ကြွေ … သည် ရှေ့နေ လှမ်းပေးသည့် စာ
ရွက်စာတမ်း ကို လှမ်းယူပြီး သေခြာ စီစစ်ဖတ်ကြည့်လိုက်
သည်။ ခပ်မြန်မြန် ဖတ်နေသည့် သူ့ အတွေးသည်က Y နှင့်
သဘောတူထားသည့် အချက်တွေကို ဖေဖေ မေမေ မရိပ်မိစေ
ဟန်ဖြစ်သည်။

"ကေါင်းပြီလေ ၊ ဒီအထဲက အချက်တွေကို ကျနော်လက်ခံပါ
တယ် "

       ကြွေ လက်ခံကြောင်း ပြောလိုက်တော့ ဖေဖေနှင့်မေ
မေ နားမလည်နိုင်စွာနှင့် ကြွေ့ကို ငေးကြည့်လာကြသည်။ သူတို့
အကြည့်ကို ကြွေ မြင်သည်မို့  ကြွေ ဖေဖေနှင့် မေမေ့ကို
ပြုံးပြုံးလေး တုံ့ ပြန်ရင်း ………!

"ကဲ ဒါဆို လက်မှတ် ထိုးလိုက်ကြရအောင် "

     ရှေ့နေ စကားကြားတော့ ကြွေ Y ကို တစ်ချက်ကြည့်
ရင်း တုန့် ဆိုင်းနေတဲ့ သူ့ လက်ကို ရွှေ့လျှားစွာပင် စာချုပ်ပေါ်
တွင် လက်မှတ် ရေးထိုးလိုက်တော့သည်။

မျက်ဝန်းတစ်ခုရဲ့ စကားသံ Where stories live. Discover now