Episode - 5

205 15 3
                                    

မျက်ဝန်းတစ်ခုရဲ့ စကားသံ
…………………………………………
အပိုင်း ( ၅ )

          Written by - Min De Par

           Y  ရဲ့ စကားကို ကြွေ ကြားသည်နှင့် ကြွေ
Y ကို ခွန်းတုံ့ မပြန်ပဲ ခြံတံခါး ဆွဲဖွင့်ရင်း ဝင်လာခဲ့သည်။ ကြွေ ခြံဝင်းထဲသို့ ရောက်သည်နှင့် အိမ်ထဲဧည့်ခန်းထဲသို့ တန်းဝင်လာခဲ့သည်။ ကြွေ ဧည့်ခန်းသို့ ရောက်သည်နှင့် အိမ်အပေါ်ထပ်မှ လှေကားထစ်လေးတွေကို တစ်ထစ်ချင်း ဆင်းရင်း ကြွေ့ကို ကြည့်ကာ အပြုံးတွေနှင့် ဆင်းလာသည့် Y မျက်နှာ မြင်သည်နှင့် ကြွေY ကို စေ့စေ့ ကြည့် လျှက် ပါးလွှာနေသည့် ကြွေ့နှုတ်ခမ်း တစ်စုံကို တစ်ဖက်စောင်း အနေအထားဖြင့် အောက်နှုတ်ခမ်း တစ်ဖက်ကို အပေါ်ထပ် သွားဖြင့် ဖိကိုက်ထားမိသည်။

         ကြွေ ကျစ်ကျစ် ပါအောင် ဆုပ်ထားသည့်
ကြွေ့ လက်သီး တစ်စုံ။ ဖိတင်းအောင် ကိုက်ထားသည့်
ကြွေ့ နှုတ်ခမ်း ။ တစ်စောင်းအနေအထားနှင့် ကြည့်နေ
ရှာသည့် ကြွေ့ရဲ့ ကြောက်စရာ အကြည့် မျက်ဝန်း တစ်
စုံ ။ ဒေါသစိတ်ကြောင့် တုန်ယင်နေသည့် ကြွေ ခန္ဒာ
ကိုယ် တစ်ခုလုံးကို Y အိမ်အပေါ်ထပ်လှေကားမှ ဆင်း
ရင်း အပြုံးတွေ ခြွေလျှက် ငေးကြည့်သည်။ Y ဧည့်ခန်း
သို့ ဆင်းလာပြီး ကြွေ့အနားသို့  ရောက်သည်နှင့် ခပ်
မှန်မှန် ပြုံးထားသည့် သူ့ အပြုံးကို ထပ်ပြုံးပြရင်း Y
ကြွေ့ကို စကားဆိုသည်။

" မင်းရဲ့ အကြည့် … မင်းရဲ့ မာန တွေက တစ်နေ့ 
ထက် တစ်နေ့  ပိုပို ပြီး ချစ်စရာ ကေါင်းလာပါလား
ကြွေ "

        Y  ရုတ်တရတ် ပြောလာသည့် စကားကို
ကြွေ လက်မခံနိုင်စွာနှင့် နားထောင်ရင်း ကြွေ့ရဲ့ အမုန်း
မျက်ဝန်း တစ်စုံက ပို၍ နက်ရှိုင်းလာခဲ့သည်။

"ထိုင်ပါဦး "

       Y သည် ကြွေ အနားမှ ဖြတ်လျှောက်သွား
ရင်း ဆိုဖါခုံပေါ်တွင် ထိုင်ကာ ကြွေ့ကို ထိုင်ခိုင်းသည်။
ကြွေလည်း Y ထိုင်ခိုင်းသည်နှင့် ဆိုဖါခုံပေါ်တွင် ထိုင်
လိုက်ပါသည်။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jan 10, 2018 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

မျက်ဝန်းတစ်ခုရဲ့ စကားသံ Wo Geschichten leben. Entdecke jetzt