Episode - 2

104 8 0
                                    

မျက်ဝန်း တစ်ခုရဲ့ စကားသံ
…………………………

အပိုင်း -  ၂

" ကြွေ ……တော်ပါတော့ နော် "

                           ခပ်ပြုံးပြုံး အကြည့် နှင့် ကြွေ ကို Y ငေးကြည့်နေတာ ရွှေရီ မြင်သည်နှင့် ရွှေရီ ကြွေ အနားသို့ သွားပါသည်။

"ကြွေ……ဆက်မဖြစ်ပါနဲ့တော့ ။ သွားကြ ရအောင်နော်"

                        ကြွေလက်မောင်းလေးကို ရွှေရီ ကိုင်ပြီး ခေါ်နေတာ Y မြင်သည်။ ထို့ကြောင့်Yနှုတ်ကနေ စကားတစ်ခွန်းခပ် ပြတ်ပြတ်ပြောလိုက်ပါသည်။

"မင်း……ကျပ်ကျပ် သတိထား ကြွေ "

                         စူးစူးနစ်နစ် မျက်ဝန်း တစ်စုံနှင့် ကြည့်ပြီးပြောနေသည့် Y မျက်နှာကို ကြွေ အမုန်း မျက်ဝန်း တစ်စုံနှင့် လှမ်းကြည့်သည်။ အလိုမကျသည့် မျက်နှာထား တင်းမာစွာဖြင့်ကြွေ နှုတ်က…
                               "တောက် "          
                                                  ခနဲ တောက်သံ တစ်ချက်ထွက်ရင်း ကြွေ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

                            ကြွေ ထွက်သွားသည် နှင့် Y ကြွေ ကိုငေးကြည့်ကာ ခပ် စွေစွေ အပြုံးတစ်ချက်နှင့် အမုန်းမျက်ဝန်းတစ်စုံကို ထုတ်သုံးရင်း Y ကားပေါ်သို့ တက်သွားပါသည်။ Y ကားပေါ်သို့ တက်သည်နှင့် Y နှင့် အတူ ပါလာသည့် Y သူငယ်ချင်းတွေလည်းကားပေါ်သို့  တက်ကာ Y တို့  ထိုနေရာမှလှည့်ထွက်သွားပါသည်။

………………………………

       
"ကြွေ ……………"

                                 ကြွေ လှေကား ပေါ်တွင် ထိုင်ပြီး Facebook သုံးနေချိန် ကြွေ နာမည်ကို ရွှေရီ ခပ်လှမ်းလှမ်းမှလှမ်းခေါ်လိုက်သည်။ကြွေလည်း အသံကြားရာသို့ တစ်ချက်ငေးကြည့်လိုက်ပြီး ရွှေရီ နဲ့ မင်းမြတ် တို့ ကိုမြင်သည်နှင့် ပြုံးပြလိုက်သည်။ ရွှေရီ နှင့် မင်းမြတ် တို့ လည်း ကြွေကိုပြန်ပြုံးပြကာ ရွှေရီ နှင့် အတူတူလိုက်ပါလာသည့် သူရ ကိုခေါ်ကာ ကြွေ အနားသို့ လာပါသည်။

မျက်ဝန်းတစ်ခုရဲ့ စကားသံ Where stories live. Discover now