- ၁

13.5K 342 22
                                    

Zawgyi

" မော်လမြိုင်သူတွေ ချောတယ် ဆိုတာ…  ခုလိုမျက်မြင်တွေ့မှ ယုံမိတော့သည် " ဟု … ကားပေါ်က ဆင်းဆင်းချင်း သူမ ကောက်ချက်ချမိသည် …

မွန်တို့ ဌာနေ ရာမညမြေကို သူမ ငယ်စဉ်က တစ်ခါရောက်ခဲ့ဖူးပေမယ့် သိပ်တော့ မမှတ်မိတော့ချေ… အခုလို တဖန် ပြန်လည်ရောက်ရှိလာခြင်းက တစ်ယောက်သောသူ ကြောင့်သာ ဖြစ်သည် …

သူမ က မန္တလေးသူ ပီပီ … အသားအရေက နည်းနည်းညိုသည် … မည်းနေသည် ဟု ပြောရင် ရိုင်းပါသည် 😀… အရပ်ကလည်း သာမန် မိန်းကလေးတွေထက် အနည်းငယ် ပိုရှည်နေသည်ဟု ဆိုရမည် … အဘယ်ကြောင့်ဆိုသော သူမရဲ့ သူငယ်ချင်းအများစုသည် သူမ၏ ပုခုံးလောက်သာ ရှိကြသည် မဟုတ်ပါလား … တကိုယ်လုံးခြုံကြည့်မည် ဆိုရင်ဖြင့် သူမ က မချောပေမယ့် … ကြည့်ကောင်းသည် … smart ကျသည် … မချောပေမယ့် ဆွဲဆောင်မှုရှိသည် … သူမ၏ ဖော်ရွေတတ်သော အပြုံး နှင့် စရိုက်က သူမကို ပို၍ ပေါ်လွင်စေသည် … ကူညီတတ်တဲ့ သူမက လူချစ်လူခင်လည်း ပေါသည် … ရောက်လေရာမှာ ပျော်ပျော်နေတတ်တဲ့ သူမ အတွက်က သူငယ်ချင်းမရှားပေ …

မန္တလေးမှာ နေတဲ့… သူမက … အခု တစ်ယောက်သောသူအတွက်နဲ့ တစ်ခါမျှသာ ရောက်ဖူးသော … မော်လမြိုင်မြို့သို့ ကျောင်းပြောင်းလာခဲ့လေပြီ … တခြားသူအမြင်မှာ ရူးတယ်လို့ ထင်ချင် ထင်ပါစေ … သူမ ဂရုစိုက်မည်မဟုတ် … အဓိက က သူလေးနဲ့ နီးဖို့သာ ဖြစ်သည်…

ဘယ်တတ်နိုင်ပါ့မလဲ… ချစ်မိတော့လည်း စွန့်စားရတော့မှာပေါ့… ယောင်လည်လည်နဲ့ ကားဂိတ်မှာ ရပ်နေတုန်း… မေမေရဲ့ တစ်ဝမ်းကွဲညီမဖြစ်သူက ရောက်လာပြီး " ဒါက သမီးလေး သီရိဟေမာန် မလား " တဲ့

" ဟုတ်ကဲ့ " ဟုသာ ပြန်ဖြေလိုက်ပေမယ့် မေမေ့ရဲ့ ညီမ ဖြစ်သူကို သိပ်တော့ မမှတ်မိချေ …

အန်တီလေး - " ချောလာလိုက်တာ ငါ့တူမရယ် … မတွေ့တာတောင် တော်တော်ကြာခဲ့ပြီကိုး … အန်တီလေးကို ကော မှတ်မိရဲ့လား "

သူမ ခေါင်းကို ခါပြီး … သွားသာ ဖြဲပြလိုက်တော့သည် …

အန်တီလေး - " ဟုတ်ပါပြီ … လာ သွားကြမယ် … သမီးအတွက် ဝယ်ပေးထားတဲ့ အိမ်ကို လိုက်ပို့မယ် "

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now