- ၇

2.6K 192 19
                                    

Zawgyi

နာကျင်ရပါသည် … ပန်းချီကို မောင်းမထုတ်ပါနဲ့ … မမ ထင်သလိုမဟုတ်ဘူး … ဖြေရှင်းရမယ် ဟုတ်တယ် ဖြေရှင်းရမယ် …

ပန်းချီ မာန်ရဲ့ ပုခုံးနှစ်ဖက်ကို ထပ်မံဆုပ်ကိုင်လိုက်သည် " မမ "

" ငါ့အသားကို မထိနဲ့ ထွက်သွား " ဟူ၍ တွန်းထုတ်မြဲပင် …

ပန်းချီချက်ချင်းပင် ဒူးထောက်ချလိုက်သည် … သူ့မှာ မာနတွေ သိက္ခာတွေ ဘာတစ်ခုမှ မရှိတော့ … အဓိကက သူ့ရဲ့ ချစ်လှစွာသောမမရဲ့ အထင်လွဲနေတာကို ဖြေရှင်းဖို့တစ်ခုတည်း တွေးမိသည် … ဖြေရှင်းပြဖို့ အခွင့်အရေးတစ်ခုတော့ သူ့မှာ ရှိတယ်မလား … မမ ထင်သလို တစ်ခုမှ မဟုတ်ဘူး … သူဆိုးခဲ့သမျှ မမ သည်းခံခဲ့တာချည်းပဲ … အခုလောက်ထိ စိတ်ဆိုးတာမျိုး သူတစ်ခါမှ မမြင်ဖူးဘူး … ပန်းချီကြောက်သည် … သူ့ကို တကယ် မောင်းထုတ်လိုက်မှာ သိပ်ကို ကြောက်မိသည် …

" ပန်းချီ ရှင်းပြတာကို ခဏလေး နားထောင်ပေးပါနော် မ … အဲ့ဒီ ပိုက်ဆံအိတ်ကလေ ပန်းချီအတွက်မဟုတ်ပါဘူး မရဲ့
မရဲ့ မေမေ အတွက်ပါ "

" ဟင် " မာန်အံ့သြသွားရသည် သူမ နားကြားများလွဲနေတာလား

" နောက်အပတ်ထဲမှာ မ ရဲ့ မေမေ မွေးနေ့ရှိတယ်မလား အဲ့ဒါကို ပန်းချီက လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက သူငယ်ချင်းကို မှာထားတာ ခုမှ ပစ္စည်းရောက်လို့လေ အဲ့ဒါ "

မာန်မှားသွားခဲ့ပြီ သူ့ရဲ့ ကလေးဆန်မှုတွေကြောင့် … သိပ်ကို မှားသွားခဲ့ပြီ သူ့ရဲ့ မဆင်ခြင်မှုတွေကြောင့် … အသည်းအသန်ရှင်းပြနေသော ကလေးက သူရဲ့ရှေ့မှာ ဒူးထောက်လျက်သား… သူမရဲ့ကလေးမှာ ဒီလို အတွေးလေးတွေရှိနေခဲ့တာလား သူမ မသိခဲ့ပေ… အဲ့ဒီနောက်မှာတော့ မဖိတ်ခေါ်ဘဲ ထပ်မံရောက်ရှိလာသော မျက်ရည်များ … သူမ ရှိုက်ကြီးတင်ငိုမိပြန်သည် … ပြီးတော့ သူမရဲ့ ကလေးလေးရင်ထဲ တိုးဝင်မိခဲ့သည် … ပါးစပ်မှလည်း ငိုသံများရောထွေးကာ " မမ မှားသွားပြီ … တောင်းပန်ပါတယ်ကလေးရယ် " ဟူ၍ ထပ်ခါ ထပ်ခါ …

ရင်ခွင်ထဲ ငိုနေတဲ့ မမကို ကြည့်ပြီး သူမစိတ်မကောင်းဖြစ်ရသည် … အချစ်တွေလည်း ပိုရပါသည် … အရာဝတ္ထုတွေနဲ့တောင် သဝန်တိုတတ်တဲ့ သူမရဲ့ချစ်ရသူလေး … ချစ်တတ်လွန်းတဲ့ မမပင် … သဝန်တိုတာက ချစ်လို့… ချုပ်ချယ်တာကလည်း ချစ်လို့ပဲ ပြောရမလား … ဘယ်လိုပင်ဖြစ်ပါစေ . ပန်းချီသည်လည်း ထိုအရာလေးတွေကိုချစ်သည် …(  စုံတွဲတစ်တွဲမှာ အရမ်းသဝန်တိုတတ်တဲ့သူက သဝန်မတိုတော့ရင် အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပါပြီ … ချစ်မှသာ သဝန်တိုတယ် ဆိုတာ ဖြစ်လာတာမလား … မချစ်များ မချစ်တော့ရင် … သဝန်တိုဖို့နေနေသာသာ ရိုင်းရိုင်းပြောရရင် စောက်ဖက်တောင် လုပ်ခံရမှာမဟုတ်ဘူး 😊 )

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now