- ၉

2.5K 161 14
                                    

Zawgyi

တိမ်ပန်းချီ၏ မွေးမိခင် ဒေါ်ပန်းမြိုင်တစ်ယောက် အဝေးပြေးကားဂိတ်မှာ ဖင်ပူအောင် ထိုင်ပြီး သကာလ ... မတော်ရသေးတဲ့ ချွေးမလေးနဲ့ ကျေးဇူးရှင် သမီးလေးကို ဒေါသဖြစ်နေလေပြီ ... ကြိုတင်ဖုန်းဆက်ထားပါလျှက် ဒေါ်ပန်းမြိုင်စောင့်နေခဲ့တာ ... နာရီဝက်ကျော်နေပြီ ဖြစ်သည်...

" ငါ့ကိုများ မေ့နေကြသလား ... လာစမ်းပါစေဦး "

အံကိုကြိတ်လျှက် ပါးစပ်ကလည်း ပွစိပွစိ ...

ဟော ... လာကြပါပြီ ... ပထမဦးဆုံး ကားပေါ်ကနေ ဗရုတ်သုတ်ခနဲ့ ဆင်းလာတဲ့ မတော်ရသေးတဲ့ ချွေးမလေး ... ခေါင်းမဖြီးလာဘူးလား မသိ ... ဆံပင်က ထိုးထိုးထောင်ထောင် ... ဧကန်န ... တိမ်ပန်းချီ လက်ချက်များလား ...

ဟိုရှာဒီရှာ ... တောင်ကြည့်မြောက်ကြည့် ... နောက်ဆုံး ဒေါ်ပန်းမြိုင်ကို တွေ့သွားပြီ ထင်ပါ့ ... နွားပွဲစားလို သွားဖြီးပြီး ... တည့်တည့်ပင် လျှောက်သွားသည် ...

" မေမေ ... စောင့်နေရတာ ကြာသွားလား "

အံမယ် ပိုင်ဆိုးပိုင်နင်း ဒေါ်မာန်က မေမေတဲ့ ခွီးးး

" ညည်းရဲ့ မေမေ ဆိုတာနောက်ထား ... တိမ်ပန်းချီကော... "

" ဟိုမှာပါမေမေ ... "

မာန် လက်ညိုးထိုးပြရာကို ဒေါ်ပန်းမြိုင် ကြည့်လိုက်သည် ... တွေ့ပါပြီ ကျေးဇူးရှင်လေး ... သင်းလည်း အတူတူပဲ ဘယ်ခြုံက ထွက်လာပါလိမ့် ခေါင်းကလည်း ရှုပ်ပွလို့ ... ( ကားခြုံ hee hee )

" မေမေ " ဆိုပြီး ပြေးလာတာများ ... ခုမှ သတိရတယ်ထင်ပါ့ ...

ဒေါ်ပန်းမြိုင်ကို ပန်းချီ ဖက်လိုက်သည် ... ပြီးတော့ " လွမ်းနေတာ မေမေ " ဆိုပြီး ပါပီလေးလို ကပ်ချွဲနေတာ ...

" ဒေါက် "

" အားးးလားလား သေပါပြီ မေမေရယ် ... ဘာလို့ မီးကို ခေါက်တာလဲ "

" ငါ ညည်းတို့ကို ကြိုပြီး ဖုန်းဆက်လား မဆက်ဘူးလား "

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ပြုံးစိစိဖြစ်နေလေသည် ...

" ဒေါက် " ပန်းချီခေါင်းပေါ် ထပ်မံရောက်ရှိလာသော ဒေါ်ပန်းမြိုင်ရဲ့လက်ဆစ် ထို့နောက် " ငါပြောတာ ရယ်စရာပါနေလား ဟမ် "

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now