- ၃

4.7K 263 37
                                    

Zawgyi

ချစ်သူဖြစ်ပြီး ပထမဆုံး ထွေးပွေ့ရခြင်းပါ… သူမ ဘယ်လောက်ထိ … ကိုယ့်ကိုချစ်လည်း … ခံစားလို့ရတယ် … ပျော်လွန်းလို့ ကျလာတဲ့ သူမရဲ့ မျက်ရည်တွေ … လွတ်ထွက်သွားမတတ်… ဖက်ထားတဲ့ သူမရဲ့ လက်အစုံ … နားနားကပ်ပြီး … " မမကို … ချစ်တယ် " လို့ ပြောတဲ့ သူမရဲ့ အသံလေး …

သူ စွန့်စားပြီးလာခဲ့တာ … အရမ်းကို မှန်သွားပြီ … သူ့ကြောင့် သူမလေး … အရမ်းကို ပျော်နေပါပြီတဲ့ … 😍

ခဏ အကြာမှာတော့… သူမရဲ့ ချစ်သူ " တိမ်ပန်းချီ " ဆိုသည်မှာ …စိတ် အပြောင်းအလဲ မြန်တဲ့ ကလေးမှန်း … ပိုသိလာရတော့သည် …

" ဘုန်း " " ဘုန်း " " ဘုန်း "

လက်သံပြောင်လွန်းလှတဲ့ … ချစ်ရသူရယ် … ရင်ဘက်တွေလည်း … အောင့်နေပါပြီ … ချက်ချင်း ဖက်တွယ်နေရာမှ ခွာလိုက်ပြီး … အကြောင်းအရင်းမသိရသေးပဲ … အထုခံရခြင်းပင် …

" မုန်းစရာကောင်းတဲ့ လူရီး … "

ဟောတော် … ဖြစ်ရပြန်ပါပြီ … ချက်ချင်းကြီးကို 😪

မာန် - " ဘာဖြစ်လို့ မမက …မုန်းစရာကောင်းတဲ့ လူရီး ဖြစ်ရပြန်တာလဲ …😕 "

ပန်းချီ - " ဟုတ်တယ် … မုန်းစရာကောင်းတဲ့ လူရီး … ဘာလို့ ပန်းချီ့ကို မပြောတာလဲ … ညက ဘယ်လောက် စိတ်ပူနေလဲ … သိရဲ့လား . … မကောင်းတဲ့ လူရီးရဲ့ … " 😣

မာန် - " ကလေးက စိတ်ပူနေတာလား… ကလေးက ဘာမဟုတ်တာလေးကို … ကောက်နေတာကိုး … ချော့လို့လည်း တော်ရုံပြီးမှာ မဟုတ်ဘူးလေ … အဲ့ချိန် မမက ကားပေါ်မှာကလေးရဲ့ … "

ပန်းချီ - " မသိဘူး … ဘာမှ လာမပြောနဲ့ … ဘယ်လို ဖြစ်ဖြစ် ကောက်ရမှာက ပန်းချီ အလုပ်မို့လို့ … ချော့ရမှာက မမ တာဝန်ပဲ လေ… " 😏

မာန် - " ဟေ … မကြားဖူးတာတွေ " 😪

ပန်းချီ မာန်အား မျက်စောင်းထိုးကာ " ခု ကြားဖူးပြီမလား ဒေါ်သီရိဟေမာန် 😒"

ကလေးရဲ့ မျက်စောင်းကို သူမ အင်မတန်ကြောက်လှပါသည် ထို့ကြောင့် " ဟုတ်ပါပြီး … နားထဲ စွဲမြဲနေအောင် မှတ်ထားပါ့မယ်ရှင့် " ဟုသာ ဖြေလိုက်ရတော့သည်

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Hikayelerin yaşadığı yer. Şimdi keşfedin