- ၎

4.9K 234 23
                                    

Zawgyi

" ကလေးရေ့ ... မနက်စာ စားလို့ ရပြီ ... "

" ဟုတ် ... မမ "

မီးဖိုချောင်ထဲကနေ အော်ခေါ်နေသော သီရိဟေမာန် အသံပဲ ပြန်ကြားပြီး လူမပေါ်လာသေးသော တိမ်ပန်းချီ ...

" ကလေးးးး ဘာလုပ်နေတာလဲကွာ ... မနက်စာ စားလို့ ရနေပါပြီး ဆိုမှ ... "

" ဟာ ... မမကလည်း ဇွတ်အော်နေတာပဲ ... ဒီမှာ ပန်းချီ မပြီးသေးလို့ပါ ... ခဏစောင့် "

ဒီစောင်ကလေး ဘာတွေ ဒီလောက်ပြင်နေပြန်ပြီလဲ မသိဘူး ကိုယ့်မှာ သူစားဖို့ ချက်ရ ပြုတ်ရနဲ့ ကျောင်းသွားဖို့တောင် ရေမချိုးရသေး ... သူက မနက်ကတည်းက ပြင်ဆင်နေလိုက်တာ ခုထိ မပြီးသေးဘူးတဲ့ ... မဖြစ်ချေဘူး သွားကြည့်ဦးမှ ဆိုပြီး အခန်းထဲကို အဝင် ... ဟိုကလေးက အခန်းပြင်ကို အထွက် ... မာန်တစ်ယောက် ဆွံ့အသွားခဲ့ရသည် ...

သူမရဲ့ကလေးမှာ အလွန်ပင်ချစ်စရာကောင်းနေသည် ... သနပ်ခါးကိုသာ အမြဲလိမ်းတတ်တဲ့ ကလေးက ဒီနေ့မှာ မိတ်ကပ်ပါးပါးလေး လိမ်းထားသည် ... မျက်ခုံးမွှေးတောင် ဆွဲထားသေး ... အယ် နှုတ်ခမ်းပါးပါးလေးမှာလည်း နည်းနည်းအရောင် ထွက်နေတာက ကိုယ့်စိတ်ကို မရိုးမယွဖြစ်သွားစေသည် ...

" မမ ... "

" ဟင် ... "

" မီး မလှလို့လား ဟင် ... "

" ဟင့်အင်းး အရမ်းလှတယ် ... "

" ခ်ခ် ... သိတယ် ကလေးက အရင်ကတည်းက ချစ်ဖို့ကောင်းပြီးသားလေ ခုလိုပြင်လိုက်တော့ ပိုလှသွားတယ်မလားးး " 😊

မျက်တောင်ကို ပုတ်ခတ် ပုတ်ခပ်နဲ့ ... ပြောနေသော သူမ ...

" ဟင်းးးးးးးး " မာန် သက်ပြင်းရှည်ကြီးကို ချလိုက်မိတော့

" မမ ... ဘာလို့ သက်ပြင်းတွေချနေတာလဲ ... အဲ့ဒါက အသက်တိုတတ်တယ် ဆိုတာ မကြားဖူးဘူးလားး "

ရော် ... သူ့ကြောင့် သက်ပြင်းချနေရတာကို သူက မသိဘူး ဒီလောက် လှတပတ ဖြစ်နေတော့ ဒီက လူကြီးက ဘယ်လိုစိတ်ချနိုင်မှာလဲ ဆိုတာ သူမ မတွေးမိတာလား ... တမင်တကာကို ရည်ရွယ်ချက်ရှိရှိ လုပ်တာလား မသဲကွဲ ... 😒

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now