- ၈

2.5K 163 5
                                    

Zawgyi

" ကလေးလေး မမ ဒီအင်္ကျီနဲ့ လှလား "

" ကလေး မမ ပုံစံက အရမ်းကြည့်ရဆိုးနေလား "

" ကလေး ဒီပုံစံက မမ နဲ့ မလိုက်ဘူး ထင်တယ်နော် "

" ကလေး #&#&&$&$&& "

" ကလေး $&***$***---- "

ဘာမှမဟုတ်ဘူး ဒေါ်သီရိဟေမာန် သူ့ရဲ့ မတော်ရသေးတဲ့ ယွက္ခမလောင်းကြီးက အိမ်လာမှာမို့ ... အမှန်က သူ့သမီးချောလေးကို လာကြည့်တာပါ ... နေရထိုင်ရဘယ်လိုနေလဲ ဘာညာသာရကာပေါ့ . အဲ့ဒါကို မတ်မတ်က ဂနာမငြိမ် ဖြစ်နေတာ ... ပန်းချီက ခေါင်းတခါခါနဲ့ ... သူ့ မမကို မျက်စိနောက်နေလေသည် ...

" လူရီး ခင်ဗျားကြီး ငြိမ်ငြိမ်နေလို့မရဘူးလား ... နားတွေလည်း အူနေပြီ ... မျက်စိတွေလည်း နောက်လှပြီ ... "

" ကလေးကလည်း ... မမ က စိတ်လှုပ်ရှားနေလို့ပါ ... အခုလာမှာက ကလေးရဲ့ မေမေလေ ... မမရဲ့ ယောက္ခမလောင်း ... "

" အံမယ် ... ရှင်က ပိုင်စိုးပိုင်နင်းပြောလှချည်လား ... ဘာ ယောက္ခမလောင်းလဲ ဟွန့် ... "

" ဟောတော် ... မှန်တာပြောရင် ခင်ဗျားလေးနဲ့ မြန်မြန်ညားရပါစေတော် ... ကလေးက မမရဲ့ မိန်းမ ဖြစ်နေပြီလေ "

" ဘာ ... ဘာ တွေပြောနေတာလဲ " မာန်ရဲ့စကားကြောင့် ပန်းချီ မျက်နှာပူလာရသည် ... ပါးနှစ်ဖက်ကလည်း အဖျားတတ်ချင်သလို ရဲလာသည် ...

" အံမယ် ... ခုမှ လာရှက်မနေနဲ့ ... ဟိုနေ့က ကျတော့ ... "

မာန်ပြောမှ ပန်းချီပိုရှက်လာသည် ... ဟိုနေ့က သူတို့ ဟိုဒင်း ဟိုဟာ " အားးးးးးးးးးးးးး ဒေါ်မာန်စုတ် ... ဘာတွေလာပြောနေတာတုန်း ... တော်ပြီ တော်ပြီ ခင်ဗျားကြီးနဲ့ မပြောတော့ဘူး သွားပြီ နှာဘူးမကြီး " ပြောပြီးတာနဲ့ ပြေးတာ တချိုးတည်းပဲ ...

ပြေးတဲ့သူက ပြေး... လိုက်တဲ့သူကလိုက် ... အင်းးးးးး အခုတလော မာန်တစ်ယောက် နှာဘူးကျနေတာ သိကြရဲ့လား ... အခုလည်း အခန်းထဲကို လိုက်ဝင်သွားပြန်ပြီလေ ...

" နှာဘူးကြီး ဘာလိုက်လုပ်တာလဲ ... ထွက် ထွက် ခု အပြင်ကိုထွက် "

" ကလေးကလည်းကွာ နည်းနည်းလေးပဲ နမ်းမယ့်ဟာကို ... "

" မရဘူးကွာ ... ခဏနေကျ မေမေ့ကို သွားကြိုရဦးမှာကို ... ခင်ဗျားရီးက နည်းနည်းကနေ များများဖြစ်တာ ... သွားကွာ "

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now