- ၁၀

4K 169 7
                                    

Zawgyi

" ဘာ …………………………… "

ပေါက်ကွဲထွက်လာသော ဒေါ်ပန်းမြိုင်ရဲ့ အသံက ကျယ်လွန်းလှပါသည်… တိမ်ပန်းချီ တံတောင်နဲ့ ထိုးလိုက်မှ မာန်သတိရလာတယ်ထင် … ပျာပျာသလဲဖြင့် " အယ် ဟို ဒီလိုပါမေမေ … ချိန်းတွေ့တယ် ဆိုတာက စာ စာ ဟုတ်တယ် စာအကြောင်းတိုင်ပင်တာ … မနက်ဖြန် ကျောင်းမှာ ပန်းချီလေးက presentation ရှိတယ်လေ အဲ့ဒါ ဆွေးနွေးနေကြတာ "

" ဟုတ်မှလည်း လုပ်ပါ ညည်းတို့အေ … ဘယ်မလဲ စာအုပ်တွေ ပြီးတော့ ဒီလိုနေရာကြီးမှာလား "

သွားပြီ သွားပြီ … သေပြီဆရာပဲ နေရာက အမှောင်တက အမှောင်ဆုံးနေရာ ချောင်ကျကျနေရာတစ်ခု … မာန်ရဲ့ ဥာဏ်နီ ဥာဏ်ပြာ ဥာဏ်နက်တွေက ဒီနေရာမှာတော့ မထွက်တော့ပေ … " အယ် … ဟိုဒင်း "

" ဟာ မေမေကလည်း တကယ်ပါဆိုမှ ဟုတ်လို့ပြောတာပေါ့ မေမေရဲ့ မနက်ဖြန် presentation ရှိတာ မမာန်က ဆိတ်ငြိမ်တဲ့ နေရာမှာ ဆိုရင် စာက ခေါင်းထဲ ပိုဝင်တယ်တဲ့ … ပြီးတော့ ဒါတွေက အချက်အလက်ပဲ မှတ်ရင် ရတယ်လေ ခေါင်းထဲ အသေရိုက်သွင်းပေးတာ မမမာန်က ဟုတ်တယ် မလား မမ " ပန်းချီက ဝင်ပြောခြင်းဖြစ်သည် …

" ဟုတ် ဟုတ်တယ် မေမေရဲ့ " အရေးကြောင်းဆို စကားက ထစ်ပြီ … ဒေါ်ပန်းမြိုင်က မျက်စောင်းထိုးလျှက် နေနှင့်ဦးပေါ့ ဆိုတဲ့ ပုံစံမျိုး " အေးးး ပြီးတာပဲ အခု ခြံထဲပြန်ဝင်ကြစမ်း ညည်းတို့အေ မှောင်မှောင်မည်းမည်း နဲ့ ငါသိပ်မပြောချင်ဘူးနော် "

" ဟုတ် " ဇာတ်ကလေးပု လျှာကလေးထွက်ပြီး အသံတွေကလည်း တပြိုင်တည်း တော်ပါသေးရဲ့ ဆိုပြီး သက်ပြင်းတွေလည်း ချကြသေးသည် …

…………………………………………………………………………………

ပန်းချီမေမေ ရောက်ပြီး ၂ ရက်အကြာမှာ … မာန် မန္တလေးပြန်ဖို့ကိစ္စကြီးပေါ်ပေါက်ခဲ့သည် … မာန်ရဲ့ ဖေဖေက car accident ဖြစ်တယ်ဆိုလို့လေ … ပြန်လာဖို့ မလိုဘူးပြောပေမယ့် ကိုယ့်ရဲ့ အဖေ ဖြစ်နေတော့ မာန်ပြန်ဖို့ ဆုံးဖြတ်လိုက်သည် … ပန်းချီကိုလည်း ထားခဲ့ရမှာ စိတ်မကောင်းဖြစ်ပေမယ့် သူ့မေမေရှိတော့ စိတ်ချလက်ချပင် မာန်ထွက်ခဲ့သည် …

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now