- ၂

5.3K 278 31
                                    

Zawgyi

မျက်ရည်များနှင့် ပေပွနေသော " တိမ်ပန်းချီ " . ပါးစပ်မှလည်း သူ၏ ချစ်ချစ်ကို " လူဆိုးမရီး …. မကောင်းတဲ့ လူရီး …. " စသည်ဖြင့် မေတ္တာပွားနေလေရဲ့…

ငိုရင်းနဲ့ပင် အတိတ်ရဲ့… အကြောင်းဆီသို့ … 💭💭💭

သူမ ၇ တန်းဖြေပြီးတော့… မန္တလေးမှာရှိတဲ့ အဘွားဆီကို… အလည်သွားရင်း … မမ နဲ့ ဆုံခဲ့တယ် … အဲ့ချိန် မမ က ၁၀ တန်း ဖြေထားတာ… ဆိုတော့ကာ … မမ နဲ့ ပန်းချီက ၃ နှစိကြီး ၃နှစ်ငယ်ပေါ့ …

ဘွားဘွားက ပြောတယ် မမက စာတော်လွန်းတယ်တဲ့ … အိမ်နီးချင်းဖြစ်တဲ့ အတွက်ကြောင့် … မမ မိဘတွေနဲ့ ဘွားဘွားနဲ့က ခင်တယ်… 

အဲ့ချိန်က… ပန်းချီ မန္တလေးမှာ ခဏပဲ …နေဖြစ်တော့ မမ နဲ့ သိပ်မခင်ဖြစ်လိုက်ဘူး တွေ့ရင် ပြုံးပြရုံလောက်ပဲ ရှိတာပေါ့…
ပြုံးပြရုံဆိုပေမယ့်… ပန်းချီက … အဲ့ချိန်ကတည်းက မမကို Crush မိခဲ့တာလေ… မမကတော့ … သူ့ကို ရှိတယ်လို့တောင် … ထင်ခဲ့ပါ့မလား မသိဘူး 😪

ဒီလိုနဲ့ ပန်းချီ မွေးရပ်မြေကို… ပြန်ရောက်တော့ … ၈တန်းကို စတတ်တယ် … အဲ့ချိန် မမက 5 D ထွက်တယ်တဲ့ … ဆေးလိုင်းမှီတဲ့ မမက … ဝါသနာ မပါလို့ဆိုပြီး … ရတနာပုံ တက္ကသိုလ်မှာပဲ … မေဂျာတစ်ခုယူတယ်လို့ ကြားတာပဲ …အဲ့ကနေ … မတွေ့ဖြစ်တာ ပန်းချီ ၁၀ တန်းဖြေပြီးတဲ့ ထိပဲ …

၁၀ တန်းဖြေပြီးတော့ ဒုတိယ အကြိမ် မန္တလေးကို ထပ်မံရောက်ရှိခဲ့တယ် … ရေစက်လား ဘားလား မသိပါဘူး…
မမ နဲ့ ပြန်ဆုံခဲ့တယ် ဆိုပါတော့ 😁… မမ က တက္ကသိုလ်ကျောင်းသူ ဖြစ်လာလို့လား မသိဘူး… အရင်ကထက် ပိုချောလာတယ်လို့ ထင်ရတယ် … ဆိုတော့ကာ တွေ့တွေ့ချင်းတော့ ပန်းချီ မမ ကို မမှတ်မိခဲ့ဘူး…တော်တော်ဆိုးတယ်နော် … ကိုယ် crush ကိုယ်တောင် မမှတ်မိဘူး ဆိုတော့ … 😪

အယ် … မမကတော့ မှတ်မိတယ်တော့်… ပန်းချီကို တွေ့တာနဲ့ " ဘဲ ရုပ်ဆိုးလေး  ပါလား "🙄 တဲ့ … " ဘယ်တုန်းကရောက်တာလဲ " စသည့်ဖြင့်မေးတာပေါ့

ကိုယ်တောင်ကြောင်သွားတယ် … " ဘဲရုပ်ဆိုးလေး "🤔 တဲ့ " ဘူ့ကို ပြောနေတာလဲ " မေးမှ … " ဒီနားမှာ ကလေး နဲ့ မမ နဲ့ နှစ်ယောက်တည်း ရှိတာလေ ဘဲရုပ်ဆိုးလေး ဆိုတာ ဟောဒီက ရုပ်ဆိုးဆိုး ဘဲ မလေးကို ပြောတာ " တဲ့ …

 နွဲ့ဆိုး ...ဆိုးခွင့်... (  နှဲ့ဆိုး ...ဆိုးခွင့်... )Where stories live. Discover now