ရူးအောင်ချစ်မဲ့သူ(1)(Z+U)

16.5K 547 15
                                    

“သူငယ်ချင်း Chanyeol...! ငါ့ကိုကူညီပါ ချစ်သူငယ်ချင်းရယ်.."

သူငယ်ချင်းမလေး Taoက သူ့အိမ်ကို လိုက်လာပြီး ထိုင်ရှိခိုးမတတ် အကူအညီတောင်းနေခြင်း ဖြစ်ပါသည်။

“ဟာ!!! ငါ မအားဘူး ဘယ်လိုမှ အချိန်မပေးနိုင်ဘူး... ပြီးတော့ ငါက ကျန်းမာရေး စင်တာမှာလည်း အချိန်ပိုင်းအလုပ် လုပ်ရဦးမှာ"

Park Chanyeolလည်း သူငယ်ချင်းဖြစ်သူ ပန်ဒါမ လို့ ချစ်စနိုးခေါ်ရတဲ့ Taoအား အားနာမနေနိုင်ပဲ ပြတ်ပြတ်သားသားပင် ငြင်းလိုက်ပါတော့တယ်

“လုပ်ပါ Yeolရယ် သူဌေးက ငါ့ကိုအကူအညီတောင်းထားလို့ပါ ငါတောင်းပန်ပါတယ် နင်မှမကူညီရင် ငါအော်ငိုတော့မှာ အဟင့်ဟင့်ဟင့် ပြီးတော့ ဒီကိစ္စသာ အဆင်ပြေသွားရင် လစ်လပ်နေတဲ့ မန်နေဂျာရာထူး ငါမှန်းလို့ရပြီ Yeolစုတ်ရဲ့..."

“သြော်!!! သူငယ်ချင်း....အဖိုးတန်လေး...!  တော်တော်အားကိုးရတာပဲနော် နင်ရာထူးတက်ဖို့အတွက် ငါ့ကို ကလေးထိန်း လုပ်ခိုင်းတယ်ပေါ့ ဟုတ်လား? နင်အဲ့ဒီလောက်မှ ရာထူးတက်ချင်နေရင် နင့်ယောက်ျား Wu yifanကို သွားထိန်းခိုင်းပါလား"

“အဟင်း!!! ငါ့ယောက်ျားကိုသာ ကလေးထိန်းခိုင်းရင်လေ... အဲ့ဒီကလေး အသက်ထွက်သွားလိမ့်မယ် သိလား!! လုပ်ပါ Yeolရယ် နင်က လိမ္မာပါတယ်ဟာ မနက်ဖြန် အလုပ်စဆင်းတော့မယ်လို့ သူဌေးကို ငါပြောလိုက်တော့မယ်နော် Yeollieလေး..! သူငယ်ချင်းလေး... ချစ်မွှေးလေး... အချစ်ဆုံး အသည်းတုံးလေး ပူတူတူးလေး...နော်! သူငယ်ချင်း နော်လို့!!"

ချစ်စရာကောင်းတဲ့ အမူအရာတွေ အကုန်ထုတ်သုံးပြီး ပြောနေတဲ့ သူငယ်ချင်းမလေးကြောင့် Chanyeol မငြင်းရက်တော့...

ပြီးတော့ သူငယ်ချင်းမလေးက ရာထူးလည်း တက်သွားနိုင်သည်ဆိုတော့ ကူညီပေးရန် ဆုံးဖြတ်လိုက်ပြီး

“အေးဟာ တကယ်ပါပဲ နင့်ကိုတော့ မနိုင်ဘူး ပန်ဒါမရေ! ဒါနဲ့ နင်တို့ လင်မယားရော အဆင်ပြေရဲ့လား"

“ပြေပါတယ်.... ပြေလွန်းလို့ခက်နေတာ ဒါဆို သူဌေးကို ငါအကြောင်းပြန်လိုက်ပြီနော်"

“အေးဟာ!! ပြန်! ပြန်"

“ဟိ!!ကျေးဇူး သူငယ်ချင်း ငါသွားပြီ ဒီတခေါက် ရုံးပိတ်ရက်မှ fan fanနဲ့ အတူတူ ထမင်းစားဖို့ နင့်အိမ်ကို လာခဲ့မယ်"

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now