ရူးအောင်ချစ်မဲ့သူ (12)(Z+U)

4.5K 279 0
                                    

နောက်တနေ့နံနက် တစ်ယောက်တည်း ခြံထဲ၌ သန့်ရှင်းရေးလုပ်နေစဉ် အိမ်ကြီးဆီမှ ဆူညံ ဆူညံအသံများကို ကြားလိုက်ရပါသည်။

ထိုဆူညံနေသည့် အသံများထဲတွင် သူဌေးကတော်၏ အသံက အစူးရှဆုံး အကျယ်ဆုံး စကားအများဆုံးဖြစ်ပါသည်။

ကြည့်ရတာ သူ့သားလေး ပြန်ရောက်လာလို့ ပျော်နေသည်ထင်ပါရဲ့

“Park chanyeol..!! Park chanyeol..!!!"

ဒီအသံ

သူ့စိတ်တွေကို ရှုပ်ထွေးညစ်ညူးစေတဲ့အသံ

စားပြီးသားတွေကို ပြန်အန်ထွက်ချင်လာတဲ့အထိ ရင်ပြည့်သွားစေတဲ့အသံ

အသွေးအသားထဲက ခါးသီးစေတဲ့အသံပိုင်ရှင် သူဌေးကတော် သခင်ကတော်ကြီး Oh Hunnaရဲ့ အသံဆိုးကြီးပင် ဖြစ်ပါသည်။

ထုံးစံဆိုတာ မဖျက်ကောင်းတော့ သူ့မှာလည်း ထုံးစံမပျက် လုပ်လက်စအလုပ်တွေကို ပစ်ချပြီး အိမ်ကြီးဘက် ပြေးရပြန်ပါသည်။

“ကျွန်တော် ရောက်ပါပြီ သခင်မကြီး"

ဧည့်ခန်းထဲတွင် ထိုင်နေသော သူဌေးကတော်ကြီးနှင့် အသားဖြူဖြူ ကောင်လေးတစ်ယောက်

ဒူးဖုံးရုံလောက်ရှိတဲ့ အနက်ရောင်ဘောင်းဘီတိုပွလေးကို တီရှပ်အ၀ါရောင်လက်တိုလေးနှင့် တွဲဖက်ပြီး ၀တ်ဆင်ထားပြီး သူ့ကို လှမ်းကြည့်နေပါသည်။

“ဘာကြည့်နေတာလဲ ငါ့သားကို မြန်မြန်နှုတ်မဆက်သေးဘူးလား"

မုန်းစရာကောင်းတဲ့အသံကြီးက နားထဲကို ၀င်လာပြန်ပါပြီ ရှေ့ဆက်ပြောလာမဲ့ အရည်မရအဖတ်မရ စကားတွေကို မကြားချင်သောကြောင့် ထိုကောင်လေးကို အလျင်အမြန်ပင် ခေါင်းငုံအရိုအသေပေးလိုက်ပြီး

“ဟုတ်ကဲ့!! တွေ့ရတာ ၀မ်းသာပါတယ် သခင်လေး!! ကျွန်တော့နာမည် Park chanyeolပါ သခင်လေလိုအပ်တာရှိရင် ကျွန်တော့ကို ခေါ်ခိုင်းပါ"

“အာ!!!မဟုတ်တာပဲ အစ်ကိုက ကျွန်တော့ထက် အသက်ကြီးမယ်ထင်တယ် ကျွန်တော့ကို သခင်လေးလို့မခေါ်ပါနဲ့ ကျွန်တော့နာမည် Oh sehunပါ"

သြော်...ကောင်လေးကတော့ စိတ်သဘောထား ကောင်းမဲ့ပုံပဲ သူဌေးohနဲ့ တူလို့ထင်ပါရဲ့ စကားပြောတာလေးကအစ ရည်ရည်မွန်မွန် သိမ်သိမ်မွေ့မွေ့လေး

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now