တညလုံး ကလေးလေးကို ပွေ့သိပ်ထားတော့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေပါသည်။
အလှည့်အစောင်းကလည်း လုပ်လို့မရ babyနိုးသွားမှာကလည်း စိုးရိမ်ရသေးတယ်
“နိုးပြီလား ကိုကို"
Oh sehun!!
ဒါOh sehunရဲ့အသံ
မျက်လုံးကို ကပျာကယာ ဖွင့်ကြည့်လိုက်တော့ ကျွန်တော့ကုတင်ဘေးမှာ ရပ်နေတဲ့ ငယ်လေး
“ငယ်လေး!! မင်းဘာမှ မဖြစ်ပါဘူးနော်"
“ခင်များ ရူးနေလား park chanyeol!! ရူးနေလို့ ကျွန်တော့ဓါးကို ၀င်ဆွဲတာလား ခင်များရူးတာက အရေးမကြီးဘူး ခင်များသေသွားရင် ခင်များမရှိတော့ရင် နောက်ထပ် လူနှစ်ယောက်ရဲ့ ဘ၀လည်း ပျက်စီးသွားမယ်ဆိုတာ ခင်များ မသိဘူးလား နားမလည်ဘူးလား"
Oh sehunပုံစံက အခုမှ ပုံမှန်ပြန်ဖြစ်သွားတဲ့ပုံ မနေ့ညက ပုံစံနဲ့ နည်းနည်းမှ မဆိုင်တော့ပါ
ရူးတာက သူ့ဟာသူ ရူးပြီး အပြစ်တင်တော့ ကျွန်တော့ကို လာတင်နေ၍ နည်းနည်းတော့ စိတ်တိုသွားပါသည်။
ပြီးတော့ စောစောစီးစီးဆူညံဆူညံနဲ့ ကျွန်တော့ကလေး အိပ်နေသေးတာကို ဒင်းနားမလည်ဘူးလား
“စကားကို တိုးတိုးပြောလို့မရဘူးလား oh sehun ဒီမှာ ငါ့ရဲ့ကလေး အိပ်နေတယ် မင်းမမြင်ဘူးလား"
“မြင်တယ် မြင်တယ် အမြင်ကတ်လို့ လာအော်နေတာ သိပြီလား"
ငယ်လေးရဲ့ မျက်လုံးထဲမှာ ကြေကွဲဆို့နင့်နေတဲ့ ပုံရိပ်တွေ နာကျင်မှုတွေကို ဟန်လုပ်နေတာ မင်းပင်ပန်းပါတယ် ငယ်လေးရယ်...
“ငယ်လေး"
“……………"
“ကိုကို့ကို အစ်ကိုအရင်းတစ်ယောက်လို မိတ်ဆွေတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို သဘောထားလို့ ရပါသေးတယ်ကွာ"
“အဟင့် ဟင့် ဟင့် ကိုကို ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့ကို ခွင့်လွှတ်ပါနော် ကျွန်တော်တောင်းပန်ပါတယ် ကိုကိုရယ်..."
“အဟင်း!! လူကြီးဖြစ်နေပြီ ကလေးလေးလို ငိုနေတုန်းလား ငယ်လေးရယ် တိတ် တိတ် မငိုနဲ့တော့နော် ကိုကိုက ငယ်လေးကို ခွင့်လွှတ်ပြီးသားပါကွာ မငိုနဲ့တော့နော်"
YOU ARE READING
ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)
Fanfictionဖတ်ဖူးတဲ့သူတွေလည်း ဖတ်ဖူးလောက်ပါပြီ ဒါပေမဲ့ အမှတ်တရဖြစ်အောင် ဒီမှာပြန်တင်ထားတာပါ