ရူးအောင်ချစ်မဲ့သူ (13)(Z+U)

4.6K 293 0
                                    

ဖျန်း!!!!!

အသားခြင်း ထိခတ်သံအဆုံး သူ့ပါးတစ်ဖက် ထူပူသွားခဲ့ပါတယ်

သူဌေးကတော်ရဲ့ အော်ခေါ်သံကြောင့် ထမင်းစားနေသည့်သူ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာတော့ သူဌေးကတော်ကြီး၏ မီးဝင်းဝင်းတောက်နေသောမျက်လုံး စားမတတတ် ၀ါးမတတ်ကြည့်နေသော အကြည့်များ ကျွန်တော့စိတ်ထဲတွင် မကြောက်ဖူးဆိုသည့်တိုင် အနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။

Oh sehunလေးကို ကြည့်လိုက်တော့လည်း ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်ပြီး ရှိုက်ငိုနေပါတယ်

"ဟုတ်ကဲ့ ကျွန်တော်ရောက်ပါပြီ သခင်မကြီး ဘာခိုင်းစရာ!!"

စကားပင်မဆုံးလိုက် သူဌေးကတော်၏ လက်ဖ၀ါးက သူ့ပါးပေါ်သို့ လာရောက်မိတ်ဆက်သွားပါတော့သည်

ပါးစပ်ထဲမှ သံဂျီးနံ့လိုလို ငံပျပျအရသာ ဘယ်နေရာက သွေးထွက်သွားပါလိမ့်

"သားရေပေါ်အိပ် သားရေနားစား ကျေးဇူးရှင်မှန်းမသိ ကျေးဇူးဆပ်ရမှန်းမသိ အရိပ်နေနေ အခက်ချိုးချိုးဆိုတာ နင့်လိုအောက်တန်းစားကိုပြောတာနေမှာ"

ဘာမှပြန်မပြောပါ ငယ်လေးရဲ့အမေဆိုတဲ့အသိနဲ့ အရာရာကို သည်းခံဖို့ဆုံးဖြတ်ထားပါတယ်

"တောင်းပန်ပါတယ်"

"တိတ်စမ်း!! နင့်ရဲ့တောင်းပန်စကားကို နားထောင်ဖို့ ငါခေါ်လိုက်တာမဟုတ်ဘူး!! နင်နဲ့ငါ့သားနဲ့ တူသလားတန်သလား နင့်လိုအောက်တန်းစား!!"

"Mommy!! တော်ပါတော့ ကိုကို့ကို အဲ့ဒီလောက်ထိ မပြောပါနဲ့... ပြီးတော့ ဒီဇာတ်လမ်းကိုလည်း ကျွန်တော့ဘက်ကစခဲ့တာပါ ကိုကိုကဖြင့် ကျွန်တော့ကို စိတ်တောင်မ၀င်စားဘူး ကျွန်တော်ဇွတ်တိုးလို့ ကိုကိုက လက်ခံခဲ့တာပဲရှိတယ် ကိုကို့မှာ အပြစ်မရှိဘူး Mommy ရိုက်နှက်ပြီးဆုံးမချင်တယ်ဆိုရင် ကျွန်တော့ကိုပဲလုပ်ပါ ကိုကို့ကို လက်ဖျားလေးနဲ့တောင်မထိပါနဲ့"

မထင်ထားမိဘူး ငယ်လေးက သူ့ထက်သတ္တိကောင်းတယ် သူ့အရှေ့က မားမားမတ်မတ်ရပ်တည်ပေးတယ်

ကိုယ့်ကို အဲ့ဒီလောက်ထိ ချစ်တာလား ငယ်ရယ်...

"Oh sehun!!နင်က မိဘကိုတောင် ပြန်ပြောတတ်နေပြီပေါ့လေ သားလေးတစ်ယောက်တည်းမို့ ချစ်လွန်းလို့ အလိုလိုက်ထားတာ ရောင့်တက်မလာနဲ့ အခုချက်ချင်း အပေါ်ထပ်တက်သွားစမ်း"

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now