ရူးအောင်ချစ်မဲ့သူ (8)(Z+U)

4.8K 347 1
                                    


.

.

.

.

“ဟွန့်!! ဖယ်__ဖယ်တော့ အသက်ရှူကြပ်တယ် ဘာကြီးမှန်းလည်း မသိဘူး တအားစုပ်နေတာပဲ babyနှုတ်ခမ်းသာ ကုန်တတ်တဲ့အမျိုးဆိုရင် ဘာမှမကျန်တော့ဘူး သိလား?"

သူ့ရင်ဘတ်ကို လက်သေးသေးလေးတွေနဲ့ အတင်းတွန်းထုတ်ပြီး ရန်စကားဆိုနေသော babyကြောင့် မလွတ်ချင်လွတ်ချင်ဖြင့် လွှတ်ပေးလိုက်ရပါသည်။

ပြောတော့သာ နှုတ်ခမ်းကို နမ်းလို့ရန်စွာနေတာ သူကိုယ်တိုင်ကျတော့ သူများရဲ့သမာဓိကို လာ,လာပြီး အကဲစမ်းနေတာ အခုလည်းကြည့်ဦး နှုတ်ခမ်းပါးလေးတွေကို တဖက်လူ အသည်းမယား,ယားအောင် စုထော်ပြီး ပြောနေပြန်သည် မဟုတ်လား

နမ်းတော့လည်း နမ်းတဲ့သူရဲ့အမှား စုပ်တော့လည်း စုပ်တဲ့သူအမှား ဖြစ်ဦးမယ်

“အောင်မယ်!! Babyကိုကြည့်ပြီး ဘာတွေတွေးနေတာလဲ ကိုကိုနော် ရုပ်ကိုက"

ပြောပြောဆိုဆိုဖြင့် Babyက အ၀တ်အစားမလဲသေးပဲ ပေါင်ပေါ် တက်ထိုင်နေပြန်ပါသည်။

“အင်္ကျီဝတ်ရအောင်လေ Babyရဲ့"

“၀တ်ပါဘူး Babyက အိပ်တော့မဲ့ဥစ္စာ"

“ဟော!! ကလေးလေးကတော့ မဟုတ်တာက စ,တော့မယ် လိမ္မာပါတယ် ကလေးရယ် အင်္ကျီလဲရအောင်နော် ဒီအတိုင်း တဘက်ကြီးနဲ့ ပတ်အိပ်လို့မှမရတာ"

ပေကတ်ကတ်လုပ်ပြီး သူ့လည်ပင်းကို တင်းကြပ်နေအောင် ဖက်ထားတဲ့ Babyအား ချော့ပြောလိုက်ပါတယ်

“ဟင့်အင်း!! ဟင့်အင်း!!ဒီအတိုင်းပဲအိပ်မှာ ကိုကိုလည်း အိပ်တော့"

Babyကို ကြည့်ရတာ ဘယ်လိုမှပြောလို့ရမည့်ပုံမပေါ်

“Baby!!"

“ဘာလဲကွာ အိပ်ချင်နေပါပြီဆို"

“ဟုတ်ပါပြီ ကလေးလေးရယ် ကိုယ်က ဘေဘီ့ကို မေးစရာရှိလို့ပါ"

“မေးမနေနဲ့တော့ Babyက အိပ်ပျော်သွားပြီ အိပ်မောကျနေတာများ နိုးတောင် မနိုးတော့ဘူး သိလား"

ချစ်စရာကလေး အပြောလေးကြောင့် မပြုံးပဲ မနေနိုင် ပြုံးမိရပြန်ပါတယ်

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now